ဆီးရီးယားမြို့ကို ကယ်ဆယ်ရေးပစ္စည်းတွေ လေကြောင်းကနေ ချပေးခဲ့

  • 24 ဖေဖော်ဝါရီ 2016
Deir al-Zour ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထား။

ဆီးရီးယား ထဲကို လေကြောင်း ကနေ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပထမဆုံး အကြိမ် ချပေး ခဲ့တယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ပိတ်ဆို့ ဝိုင်းရံတာ ခံ နေရတဲ့ ဒဲရ်အဇော မြို့ ရှိရာဆီ ထောက်ပံ့ရေး ပစ္စည်း အထုပ်တွေ ချပေးခဲ့တာပါ။

စုစုပေါင်း ၂၁ တန် အလေးချိန် ရှိတဲ့ အထုပ်တွေ ကို ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ ရဲ့ လေယာဉ်ပျံ နဲ့ ချပေး ခဲ့တယ်လို့ ကုလသမဂ္ဂ ကူညီ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အကြီးအကဲ Stephen O'Brien က လုံခြုံရေး ကောင်စီ ကို ပြောပါတယ်။

ရည်မှန်းထားတဲ့ နေရာ တွေ ဆီ ပစ္စည်းတွေ အောင်အောင်မြင်မြင် ရောက်သွား နိုင်ခဲ့လား ဆိုတာ တိတိကျကျ မသိရ ပါဘူး။

ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထားပြီး ကျန်တဲ့ အရပ် တွေ ကိုလည်း ပိတ်ဆို့ ထားတာ မှာ လူ ၂ သိန်း လောက် ပိတ်မိနေတယ် လို့ ကုလသမဂ္ဂ အဖွဲ့ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ