အယ်လ်ရှာဘတ် သတ်ခဲ့တဲ့ ကင်ညာတပ်သား ၁၈၀ ရှိ

  • 25 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးခဲ့တဲ့ ကင်ညာ တပ်သားတွေဟာ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင်တွေ ဖြစ်။

ဆိုမာလီ တောင်ပိုင်းက စစ်စခန်းကို ပြီးခဲ့တဲ့လက အယ်လ်ရှာဘတ် စစ်သွေးကြွတွေ တိုက်ခိုက် ခဲ့စဉ်က သေဆုံးခဲ့ရတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် ကင်ညာ စစ်သား အရေအတွက်ဟာ အနည်းဆုံး ၁၈၀ ရှိတယ်လို့ ဆိုမာလီယာ သမ္မတက ပြောလိုက်ပါတယ်။

ကင်ညာ စစ်တပ်ကတော့ အဲဒီ အရေအတွက်ဟာ မမှန်ကန်ပါဘူးလို့ ပြောပေမယ့် အဲဒီ el-Ade စစ်စခန်းမှာ ဘယ်လောက် သေဆုံးခဲ့တယ် ဆိုတာ ပြောဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ကတော့ ကင်ညာ စစ်သား အယောက် တစ်ရာလောက်ကို သူတို့ သတ်ပစ် ခဲ့တယ်လို့ ပြောပါတယ်။

အယောက် ၁၈၀ သေဆုံးခဲ့တယ် ဆိုတာသာ အတည်ပြုနိုင်ရင်တော့ အဲဒီ တိုက်ခိုက်မှုဟာ အယ်လ်ရှာဘတ် တိုက်ခိုက်မှုတွေအနက် အသေအပျောက် အများဆုံး ဖြစ်လာမှာပါ။

အရင်က အသေအပျောက် အများဆုံး တိုက်ခိုက်မှုက ပြီးခဲ့တဲ့ ဧပြီလမှာ ကင်ညာ အရှေ့မြောက်ပိုင်းက ကောလိပ်ကျောင်း တိုက်ခိုက် ခံရမှု ဖြစ်ပြီး ၁၄၈ ဦး သေဆုံး ခဲ့ရပါတယ်။

ကင်ညာ စစ်သား ၁၈၀ တစ်ရက်တည်း သေဆုံးခဲ့တယ် ဆိုတာကို ဆိုမာလီ သမ္မတ Hassan Sheikh Mohamud က ဆိုမာလီ ရုပ်သံ တစ်ခုနဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ