FIFA ဥက္ကဌ ရွေးပွဲ ဒုတိယအကျော့ မဲပေးနေပြီ

  • 26 ဖေဖော်ဝါရီ 2016
_fifa_
Image caption FIFA ဥက္ကဌ အပါအဝင် အရွေးကောက်ခံ အမှု ဆောင် အားလုံးကို သက်တမ်း အကန့် အသတ် ထားရှိ မှာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာတွေကိုလည်း လျှော့ချ ထား။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA ရဲ့ ဥက္ကဌ ရာထူး နေရာ အတွက် ရွေးချယ် နိုင်ဖို့ ဒုတိယ အကျော့ မဲပေး နေကြပါတယ်။

ပထမ အကျော့ မဲ တွေ ရဲ့ ရလာဒ် အရ ဆွစ်ဇာလန် နိုင်ငံ က Gianni Infantino နဲ့ ဘာရိန်း နိုင်ငံက ရှိတ်ခ် ဆာလ်မန်း တို့ မဲ အများဆုံး ရရှိ ခဲ့ ပါတယ်။

ပဉ္စမ နေရာ ရရှိခဲ့တဲ့ တောင်အာဖရိက က Tokyo Sexwale တော့ ဒုတိယ အကျော့ မှာ ဆက်လက် မယှဉ် ပြိုင်ပဲ နှုတ်ထွက် သွားပါတယ်။

ဇူးရစ် မြို့ မှာ အစောပိုင်းတုန်းက ကျင်းပ ခဲ့တဲ့ FIFA အစည်းအဝေးမှာတော့ အဖွဲ့ အတွင်း ပိုမို ပွင့်လင်း မြင်သာမှု ရှိရေးနဲ့ ငွေကြေး ဆိုင်ရာ ခြစားမှု တွေ ကို ကြိုတင် ကာကွယ် နိုင်ရေး တို့ အတွက် ရည်ရွယ် ပြုလုပ် ထားတဲ့ ပြုပြင်ရေး စီမံကိန်း အပေါ် အတည် ပြုခဲ့ ကြပါတယ်။

အဲဒီ့ အတည်ပြု ချက် အရ FIFA ဥက္ကဌ အပါအဝင် အရွေးကောက်ခံ အမှု ဆောင် အားလုံးကို သက်တမ်း အကန့် အသတ် ထားရှိ မှာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာတွေကိုလည်း လျှော့ချ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ