အီရန် ရွေးကောက်ပွဲ မဲထည့်ချိန် နှစ်နာရီတိုးပေး

  • 26 ဖေဖော်ဝါရီ 2016
_iran_election
Image caption အခု ရွေးကောက်ပွဲ ကနေ ပြုပြင် ပြောင်းလဲရေး ဝါဒီ တွေ နေရာ ပိုမို ရလာနိုင်ဖို့ မျှော်လင့် နေ။

အီရန်နိုင်ငံတဝန်း ရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ မဲရုံကို မဲပေးသူတွေ ပေးသူတွေ အလောတကြီး လာရောက် နေကြဆဲ ဖြစ်တဲ့ အတွက် မဲပေး နိုင်ခွင့် နောက်ဆုံး အချိန်ကို နှစ်နာရီ တိုးပေး ထားတယ် ဆိုပြီး အီရန် အစိုးရ ရုပ်မြင်သံကြား က ကြေညာ ပါတယ်။

အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ အကြား သဘောတူမှု ရရှိခဲ့ပြီးတဲ့ နောက် အီရန် မှာ ပထမဆုံး အကြိမ် ကျင်းပ လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒီ ရွေးကောက်ပွဲ ကနေ အီရန် ရဲ့ ပါလီမန် အသစ် နဲ့ တကွ ခေါင်းဆောင်မှု အကြံပေး ကောင်စီ လို့လည်း ခေါ်တဲ့ အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် အသစ် တစ်ရပ် ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။

အဲဒီ့ အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် ဟာ အီရန် မှာ အင်မတန် ဩဇာကြီး တဲ့ အဖွဲ့အစည်း ဖြစ်ပြီး တိုင်းပြည်ရဲ့ အထွဋိအထိပ်ခေါင်းဆောင် ကို အဲဒီ့ အဖွဲ့က ရွေးချယ် ခန့်အပ် ကြတာ ဖြစ်ပါတယ်။

အီရန်ရဲ့ လက်ရှိ လွှတ်တော် နှစ်ရပ် စလုံးမှာတော့ သဘောထား တင်းမာသူတွေ လွှမ်းမိုး ထားပါတယ်။

အခု ရွေးကောက်ပွဲမှာ အလယ်အလတ် သဘောထား ရှိကြသူ တော်တော်များများ ဝင်ရောက် အရွေးချယ် ခံခွင့် အပိတ် ခံထား ရပါတယ်။

ဒါပေမယ့် သမ္မတ ဟာဆန် ရူဟာနီ ကို အားပေး ထောက်ခံကြတဲ့ ပြုပြင် ပြောင်းလဲ ရေး လိုလားသူ မဲဆန္ဒရှင် တွေ ကတော့ အခု ရွေးကောက်ပွဲ ကနေ ပြုပြင် ပြောင်းလဲရေး ဝါဒီ တွေ နေရာ ပိုမို ရလာနိုင်ဖို့ မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ