အီးယူကမထွက်ဖို့ ဗြိတိန်ကို G20 သတိပေး

  • 27 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ G20 အစ္စည်းအဝေး

ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂထဲက ထွက်ရင် ကမ္ဘာ့စီးပွားရေး ကို တုန်လှုပ်သွားနိုင်တယ်လို့ G20 ဘဏ္ဍာရေးဝန်ကြီးတွေက သတိပေးလိုက်ပါတယ်။

လာမယ့် ဇွန်လမှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲက ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂထဲမှာဆက်နေမလား ခွဲထွက်မလားဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ၂ရက်တာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ရဲ့ G20 ထိပ်သီးအစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အထက်ပါသတိပေးချက်ကို ဖော်ပြထားပါတယ်။

ဗြိတိန် ဘဏ္ဍာရေး၀န်ကြီး ကလည်း ဗြိတိန်ကို အီးယူထဲမှာ ဆက်ရှိစေလိုတဲ့အကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာနိုင်ဖို့က မှန်းထားတာထက် နှေးကွေးနေပြီး နိုင်ငံအလိုက် ပူးပေါင်းပါဝင်ကြဖို့ G20 ဘဏ္ဍာရေးဝန်ကြီးတွေက ပြောခဲ့ပါတယ်။