ဆိုမာလီနိုင်ငံမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်

  • 27 ဖေဖော်ဝါရီ 2016
Mogadishu ဓာတ်ပုံ မူပိုင်
Image caption ဆိုမားလီနိုင်ငံမှာ ပေါက်ကွဲမှု ဖြစ်ပွား

ဆိုမာလီ နိုင်ငံမြို့တော် မိုဂါဒစ်ရှူးမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွား ခဲ့ပါတယ်။

အစ္စလာမ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ အယ်လ် ရှာဘတ်ဘ် အဖွဲ့က သမ္မတနန်းတော် အနီးက ဟိုတယ်တခုကို စီးနင်း တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ဥယျာဉ်လို့ လူသိများ ထင်ရှားတဲ့ အများ ပြည်သူ ဆိုင်ရာ အပန်းဖြေ ဥယျာဉ်ကြီးတခုကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဥယျာဉ်ဟာ သာမန်မိသားစုတွေ အပန်းဖြေလေ့ရှိပြီး အထူးသဖြင့် သောကြာနေ့မှာ လူစည်ကားပါတယ်။

ကြာသပတေးနေ့တုန်းကလည်း သမ္မတအိမ်အနီးအနားမှာ မော်တာနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။

အယ်လ် ရှာဘတ်အဖွဲ့ဟာ အရင်က မိုဂါဒစ်ရှူးကို သိမ်းပိုက်ထားခဲ့ဖူးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလည်း မကြာခဏတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။