ပြစ်မှု အသေးကျုးလွန်သူ နိုင်ငံခြားသားတွေကို နှင်မထုတ်ဖို့ ဆွစ်ပြည်သူတွေ ဆုံးဖြတ်

  • 28 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လူတွေ ရွှေ့ပြောင်း ဝင်ရောက်မှု တိုးတက် လာတဲ့ အခါ တိုင်းပြည် ထဲ ရာဇဝတ်မှု ထူပြော လာတယ် လို့ ဆွစ်လက်ျာပါတီက ပြောနေ။

ဆွစ်ဇာလန် မှာ နိုင်ငံခြားသားတွေ ပြစ်မှု အသေးအဖွဲ ကျူးလွန်ပြီ ဆိုရင် အလို အလျောက် တိုင်းပြည် ကနေ နှင်ထုတ် ပစ်မလား ဆိုတာကို ပြည်လုံးကျွတ် ဆန္ဒ ခံယူ ခဲ့တာမှာ မဲ ပေးခဲ့သူတွေ ရဲ့ ၅၉ % က အဲဒီလိုမျိုး မဆောင်ရွက် ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

နိုင်ငံ ခြားသားတွေ ကို ပြစ်မှု အသေးအဖွဲ ကျူးလွန် ရုံနဲ့ တိုင်းပြည်က နှင်ထုတ် ဖို့ ဆိုတဲ့ အကြံပြုချက် ကို ပြည်သူ့ပါတီ အမည်ရှိတဲ့ ဆွစ်ဇာလန် လက်ျာ ပါတီ က တင်သွင်းခဲ့ တာပါ။

အဲဒီ့ပါတီဟာ လူတွေ ရွှေ့ပြောင်း ဝင်ရောက်မှု တိုးတက် လာတဲ့ အခါ တိုင်းပြည် ထဲ ရာဇဝတ်မှု ထူပြောတာ အပါအဝင် လူမှု ပြဿနာ တွေ များပြား လာတယ် လို့ ပြောနေတဲ့ ပါတီ ဖြစ်ပါတယ်။

ဒီ အယူအဆ အပေါ် မနှစ်ချိုက် သူတွေ ကတော့ ဒီလို ဥပဒေမျိုး ပြဌာန်းမယ် ဆိုရင် ဆွစ်ဇာလန် လူဦးရေရဲ့ ၄ပုံ၁ပုံ ရှိတဲ့ နိုင်ငံခြားက ပြောင်းရွှေ့ လာသူတွေ အပေါ် မျှတမှု မရှိပဲ ပစ်မှတ် ထားရာ ရောက်မှာ ဖြစ်သလို၊ နိုင်ငံထဲက လူ အားလုံး အပေါ် တပြေးညီ သက်ရောက်တဲ့ တရားရေး စံနစ် မဟုတ်တော့ပဲ နှစ်ဆင့် ခွဲခြားထားတဲ့ စံနစ် ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ