ဆီးရီးယား အပစ်ရပ်မှုကို ကန်-ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေ ကြိုဆို

  • 28 ဖေဖော်ဝါရီ 2016
syria_damascus ဓာတ်ပုံ မူပိုင် AP
Image caption ပထမဆုံးနေ့မှာ အပစ်ရပ် သဘောတူမှုကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာခဲ့။

ဆီးရီးယား နိုင်ငံထဲမှာ စတင် နေပြီ ဖြစ်တဲ့ အပစ်ရပ် သဘောတူမှု ကို ရုရှားနဲ့ အမေရိကန် နိုင်ငံရေး ဝန်ကြီး တွေက ကြိုဆိုလိုက် ပါတယ်။

အပစ်ရပ် စတင် သက်ဝင် လာတဲ့ ပထမဆုံး နေ့ ကုန်ဆုံး အပြီးမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ တို့ တွေ့ဆုံ စကားပြော ခဲ့ကြပါတယ်။

ဆီးရီးယား အစိုးနဲ့ သူပုန် နှစ်ဘက်စလုံး ကနေ သဘောတူမှု ကို ချိုးဖောက် ကြတဲ့ နေရာ တချို့ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် နေရာ အများစု မှာတော့ လိုက်နာ ခဲ့ကြပါတယ်။

ဆီးရီးယား ရဲ့ ရေရှည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေပွဲ တွေ ပြန်လည် စတင်နိုင်ဖို့ ဝန်ကြီး နှစ်ဦး ဆွေးနွေး ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကတော့ အပစ်ရပ် စတင်ပြီး သီတင်း တစ်ပတ် အတွင်း ငြိမ်းချမ်းရေး စကားဝိုင်း တွေ ပြန်လည် ပြုလုပ်ဖို့ မျှော်လင့် ထားပါတယ်။

တခါ၊ အခု ဆီးရီးယား အပစ်ရပ် သဘောတူမှု ထဲ မပါဝင်တဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တိုက်ခိုက်ရေး သမားတွေ ဟာ တူရကီ နဲ့ နယ်စပ် အနီးက ဆီးရီးယား မြောက်ပိုင်းမြို့ ဖြစ်တဲ့ Tal Abyad ကို စတင် တိုက်ခိုက်လာ ပါတယ်။

အဲဒီ့ ဒေသကို ထိန်းချုပ် ထားတဲ့ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် တွေ က IS တွေ ရဲ့ ထိုးစစ် ကို တွန်းလှန် နိုင်လိုက်တယ် လို့ ဆိုပါတယ်။

အဲဒီလို ကာ့ဒ် လက်နက်ကိုင်တွေ IS တွေ ရဲ့ ထိုးစစ်ကို တွန်းလှန် နိုင်ဖို့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အုပ်စုကလည်း လေကြောင်းကနေ ပစ်ကူ တွေ ပေးနေ ခဲ့ပါတယ်။

ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ ရဲ့ အဆိုရ အဲဒီ့ တိုက်ပွဲ အတွင်း IS ၄၅ ယောက် နဲ့ ကာ့ဒ် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ