ကာလေ ဂျန်းဂဲလ် ဖျက်စီးသူတွေ နဲ့ ရွှေ့ပြောင်းသူတွေ ထိပ်တိုက်တွေ့

  • 29 ဖေဖော်ဝါရီ 2016
calais_migrant ဓာတ်ပုံ မူပိုင်
Image caption ကာလေဂျန်းဂဲလ် ရဲ့ အပြင်ဘက် ထိပ်တိုက် တွေ့ နေကြတဲ့ ရွှေ့ပြောင်းသူ တွေ ရှိသလို၊ ကာလေ ဆိပ်ကမ်း ရှိရာဆီ ပြန့်ကြဲ ပြီး ထွက်ခွာ သွားကြသူတွေ လည်း ရှိပါတယ်။

ပြင်သစ် ဆိပ်ကမ်း မြို့ ဖြစ်တဲ့ ခယ်လေ ရဲ့ ဝန်းကျင် မှာရှိတဲ့ ရွှေ့ပြောင်းသူ တွေ ရဲ့ ယာယီ နေထိုင်ရာ တဲတွေ ကို ပြင်သစ် အာဏာပိုင် တွေ တနင်္လာနေ့ က တစ်နေကုန် အချိန်ယူပြီး ဖျက်စီး ခဲ့ ကြပါတယ်။

ပြင်သစ် အာဏာပိုင် တွေ ရဲ့ ယာယီတဲ ဖျက်စီးရေး အဖွဲ့တွေ နဲ့ ရွှေ့ပြောင်းသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ပေါ် ခဲ့တာ မှာ ရွှေ့ပြောင်းသူတွေ က ကျောက်ခဲ တွေ နဲ့ ပစ်ပေါက် ခဲ့ကြ သလို၊ အာဏာပိုင် တွေ ဘက်ကလည်း မျက်ရည်ယိုဗုံး တွေ အသုံးပြု ခဲ့ကြပါတယ်။

ရွှေ့ပြောင်းသူတွေ ရဲ့ အဲဒီ ယာယီတဲ စခန်း ကို ခယ်လေ ဂျန်းဂဲလ် (ကာလေ တောအုပ်) ဆိုပြီး သုံးစွဲ ခေါ်ဝေါ် နေကြပါတယ်။

ခယ်လေဂျန်းဂဲလ် ရဲ့ အပြင်ဘက် ထိပ်တိုက် တွေ့ နေကြတဲ့ ရွှေ့ပြောင်းသူ တွေ ရှိသလို၊ ကာလေ ဆိပ်ကမ်း ရှိရာဆီ ပြန့်ကြဲ ပြီး ထွက်ခွာ သွားကြသူတွေ လည်း ရှိပါတယ်။

ရွှေ့ပြောင်းသူတွေ ဟာ ပြင်သစ် ကနေ ဗြိတိန် နိုင်ငံထဲ ဝင်ရောက်ဖို့ အခွင့်ကောင်းကို ခယ်လေ ဆိပ်ကမ်းမြို့ ဟင်းလင်းပြင်မှာ ယာယီတဲ တွေ ထိုးပြီး စောင့်ဆိုင်း နေကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ မှာပါ အဲဒီ့ ခယ်လေ ဂျန်းဂဲလ် ကို ပြင်သစ် အာဏာပိုင်တွေ ဘက်က ဆက်လက် ရှင်းလင်း သွားဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ