မက်ဆီဒိုးနီးယား စည်းရိုးကို ရွှေ့ပြောင်းသူတွေ ချိုးဖျက်

ဓာတ်ပုံ မူပိုင် AP
Image caption ရွှေ့ပြောင်းသူတွေက သံစည်းရိုးကို အင်အားသုံး ဖြိုဖျက်ခဲ့ကြ။

ဂရိနဲ့ မက်ဆီဒိုးနီးယား နယ်စပ်က သံစည်းရိုးကို ဂရိဘက်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူ တချို့က အင်အားသုံး ဖြိုဖျက်ပြီး ဝင်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းသူတွေက သံစည်းရိုးကို အတင်း ဖြိုဖျက်စဉ် မက်ဆီဒိုးနီးယား ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ရှင်းလင်း နေတာကို ရုပ်သံ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

သံစည်းရိုး နေရာတစ်ခု ပွင့်သွားခဲ့ရာမှာ ရွှေ့ပြောင်းသူ ဘယ်နှစ်ဦး ဖြတ်ကျော် ဝင်ရောက် နိုင်ခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

ဂရိဘက်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူ အများစုဟာ ဆီးရီးယားနဲ့ အီရတ်က ဒုက္ခသည်တွေ ဖြစ်ပြီး ဥရောပ မြောက်ပိုင်းကို သွားရောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မက်ဆီဒိုးနီးယားက အကန့်အသတ်နဲ့သာ ဝင်ခွင့် ပေးနေတဲ့ အတွက် ဂရိဘက်မှာ ပိတ်မိနေသူပေါင်း ၆,၅၀၀ လောက် ရှိသွားပါပြီ။

ပြီးခဲ့တဲ့ နှစ်အတွင်း ဂျာမနီကို ရောက်ရှိခဲ့တဲ့ ရွှေ့ပြောင်းသူ အရေအတွက် တစ်သန်းကျော် ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ