ပျောက်နေတဲ့ စာအုပ်ရောင်းသူတွေကို တရုတ် ရုပ်သံမှာ မြင်ရ

  • 29 ဖေဖော်ဝါရီ 2016
Image caption စာအုပ်ရောင်းသူ ၄ ဦးအနက် တစ်ဦးဖြစ်သူ Gui Minhai ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ လကလည်း မူးယစ် မောင်းနှင်မှုနဲ့ ရုပ်သံမှာ အပြစ်ဝန်ခံခဲ့။

ပျောက်ဆုံးနေတဲ့ ဟောင်ကောင် စာအုပ်ရောင်းသမား ၅ ဦး အနက် ၄ ဦးကို တရုတ် ရုပ်သံတစ်ခုရဲ့ ထုတ်လွှင့်ချက်မှာ စုံစုံညီညီ ပြန်တွေ့ခဲ့ကြရပြီး၊ သူတို့က တရားမဝင် စာအုပ်တွေ ရောင်းမှုနဲ့ ဖမ်းဆီး ခံထားရတာ ဖြစ်တယ်လို့ ပြောဆို ခဲ့ကြပါတယ်။

သူတို့က 'ရောင်းခွင့်မရှိတဲ့' စာအုပ်ပေါင်း ၄၀၀၀ ကို တရုတ် ပြည်မကြီးမှာ ရှိတဲ့ လူ ၃၈၀ ကို ရောင်းချ ခဲ့တယ်လို့ ထွက်ဆို သွားတာကို Phoenix TV က ထုတ်လွှင့် သွားတာပါ။

တရုတ် ခေါင်းဆောင်တွေကို ဝေဖန်တဲ့ စာအုပ်တွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်မှာ အလုပ်လုပ်ခဲ့ကြသူ ဟောင်ကောင် စာအုပ်ရောင်းသမား ၅ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ ပျောက်ဆုံး ခဲ့တာပါ။

တချို့ ဟောင်ကောင်သားတွေ ကတော့ သမ္မတ ရှီ ကျင်းပင် အကြောင်း စာအုပ် တစ်အုပ်ကြောင့် သူတို့တွေ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်လို့ ယူဆ ကြပါတယ်။

တရုတ် နိုင်ငံမှာ အပြစ်ဝန်ခံ ထွက်ဆို တာတွေကို အများပြည်သူကို ထုတ်လွှင့်လေ့ ရှိပေမယ့် အဲဒီအထဲက အများအပြားဟာ အတင်းအကျပ် ဝန်ခံခိုင်းတာတွေ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ငါးယောက်မြောက် ဟောင်ကောင် စာအုပ်ရောင်းသမား၊ ဗြိတိန်နိုင်ငံသား ကိုတော့ အဲဒီ ထုတ်လွှင့်ချက်မှာ မတွေ့ခဲ့ရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ