မင်းသား လီယိုနာဒို ပထမဆုံး အော်စကာဆု ရရှိ

  • 29 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption The Revenant ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆုကို လီယိုနာဒို ဒီကာပရီယို ပထမဆုံး ရရှိ။

အရင်က အော်စကာဆု အဆိုပြု အမည်စာရင်းမှာ ၆ ကြိမ် ပါခဲ့ဖူးတဲ့ မင်းသား လီယိုနာဒို ဒီကာပရီယို ဟာ အခုတော့ သူ့ရဲ့ ပထမဆုံး အော်စကာဆုကို The Revenant ရုပ်ရှင်နဲ့ ရရှိသွား ပါတယ်။

၈၈ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ မင်းသား လီယိုနာဒိုက အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု ချီးမြှင့် ခံခဲ့ရတာ ဖြစ်ပြီး၊ သရုပ်ဆောင် မင်းသမီးဆု ကိုတော့ ဘရီ လာဆန် က Room ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ကိုတော့ Spotlight ရုပ်ရှင်က ရရှိခဲ့ပြီး၊ Mad Max: Fury Road ဇာတ်ကား ကတော့ အော်စကာ ဆုအရေအတွက် အများဆုံး အဖြစ် ဆုပေါင်း ၆ ဆုတိတိ ရရှိသွားပါတယ်။

နာဇီတွေရဲ့ အောက်ဇ်ဝစ်ဇ် အကျဉ်းစခန်းကို နောက်ခံထားတဲ့ ဟန်ဂေရီ ရုပ်ရှင် Son of Saulဇာတ်ကား ကတော့ အကောင်းဆုံး နိုင်ငံခြား ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။

အော်စကာဆု အဆိုပြု စာရင်းမှာ လူဖြူတွေချည်း ပါနေတဲ့ ကိစ္စကို မကျေနပ်ကြလို့ သရုပ်ဆောင် တချို့က ဆုပေးပွဲကို သပိတ်မှောက်ခဲ့သလို၊ အခမ်းအနား အပြင်ဘက်မှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ