Mumtaz Qadri ကို ပါကစ္စတန် ကြိုးပေးကွပ်မျက်

  • 29 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption Mumtaz Qadri ကို အစ္စလာမ္မစ် အုပ်စု တချို့က သူရဲကောင်းအဖြစ် ချီးမြှောက်ခဲ့ကြ။

ပါကစ္စတန် နိုင်ငံမှာ ဘာသာရေး စော်ကားမှု ဆိုင်ရာ ဥပဒေတွေကို ကန့်ကွက်ခဲ့တဲ့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ရဲတပ်ဖွဲ့ဝင် ကိုယ်ရံတော် တစ်ယောက်က ပစ်သတ်ခဲ့တဲ့ အမှုအတွက် အဲဒီ ရဲကို ကြိုးပေး ကွပ်မျက် လိုက်ပြီလို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

Mumtaz Qadri ဆိုတဲ့ အဲဒီ ကိုယ်ရံတော်ဟောင်းက ပန်ဂျပ် ပြည်နယ် အုပ်ချုပ်ရေးမှူး Salman Taseer ကို ၂၀၁၁ ခုနှစ်တုန်းက အစ္စလာမ်မာဘတ် မြို့မှာ ပစ်သတ်ခဲ့တာပါ။

အဲဒီ အချိန်က Qadri ကို အစ္စလာမ္မစ် အုပ်စု တချို့က သူရဲကောင်း အဖြစ် ချီးမြှောက် ခဲ့ကြပြီး သူ့ကို ထောက်ခံသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ သူ့ကို တရားရုံးက သေဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ကြိုးပေး ကွပ်မျက်ခဲ့တဲ့ ဒီကနေ့ တနင်္လာနေ့မှာလည်း ကန့်ကွက် ဆန္ဒပြသူတွေ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်ရဲ့ ပုံတွေနဲ့ ကားတာရာတွေကို မီးရှို့ ခဲ့ကြပြီး မြို့တော် အစ္စလာမ်မာဘတ် အနီးက အဝေးပြေး ကားလမ်းကို ယာယီ ပိတ်ခဲ့ရပါတယ်။

Qadri ရဲ့ အိမ်အနီး ဝန်းကျင်မှာ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ထူထူထပ်ထပ် ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ