ဒမတ်စ္စကပ်စ် ဆင်ခြေဖုံးကို ကုလကယ်ဆယ်ရေး ပစ္စည်းတွေပို့

  • 29 ဖေဖော်ဝါရီ 2016
syria_aid_ ဓာတ်ပုံ မူပိုင် AFP
Image caption လာမယ့် ၅ ရက် အတွင်း လူဦးရေ တစ်သိန်းခွဲ ကျော် ဆီကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပို့ပေး နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့က မျှော်မှန်း။

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ္စကပ်စ် ရဲ့ ဆင်ခြေဖုံး က သူပုန်တွေ ပိတ်ဆို့ ထားတဲ့ အရပ် မှာ ကုလသမဂ္ဂ ရဲ့ တိုးချဲ့ ကယ်ဆယ်ရေး အစီအစဉ် အနေနဲ့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး အပါအဝင် ထောက်ပံ့ ရေး ပစ္စည်း တွေကို ကယ်ဆယ်ရေး လုပ်သားတွေ ပို့ဆောင် ခဲ့ပြီ ဖြစ်ပါတယ်။

ဆီးရီးမှာ အစိုးရနဲ့ သူပုန်တွေ အကြား ရယူထားတဲ့ အပစ်ရပ် သဘောတူမှု ဟာ ခိုင်မာ လှတယ် လို့ မပြောနိုင် ပေမယ့် အခြေအနေ တစုံတရာ ပိုမို ကောင်းမွန် လာတဲ့ အပေါ် လက်လွှတ် မခံပဲ အခုလို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့ လာတာ ဖြစ်ပါတယ်။

လာမယ့် ၅ ရက် အတွင်း လူဦးရေ တစ်သိန်းခွဲ ကျော် ဆီကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပို့ပေး နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့က မျှော်မှန်းထားပါတယ်။

အပစ်ရပ် သဘောတူမှု စတင် အသက်ဝင် ခဲ့တဲ့ ပြီးခဲ့တဲ့ စနေနေ့ နောက်ပိုင်း သောင်းနဲ့ ချီတဲ့ လူတွေ ဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့ နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ