ဆီးရီးယားနဲ့ရုရှား ပေါင်းပြီး ဒုက္ခသည် အကြပ်အတည်းကို စစ်လက်နက် သဖွယ် အသုံးချ နေ

nato_philip_breedlove ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှား ဟာ အမေရိကန် ပြည်ထောင်စု အတွက် တိုးမြင့် ခြိမ်းခြောက် လာနေတဲ့ အန္တရာယ် တစ်ရပ် ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Breedlove က ပြော။

ဆီးရီးယား ပြည်တွင်းစစ်ကနေ စစ်ဘေး ဒုက္ခသည် အကြပ်အတည်း ကို တမင် ဖန်တီးပြီး စစ်လက်နက် သဖွယ် အသုံးချ နိုင်ဖို့ ဆီးရီးယား အစိုးရ ကို ရုရှား က အကူအညီ ပေးနေတယ် လို့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ဥရောပ တိုက် ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး Philip Breedlove စွပ်စွဲ ပြောဆို လိုက် ပါတယ်။

ဝါရှင်တန် မြို့တော်၊ ဆီးနိတ် ကော်မတီ ကြားနာမှု ရှေ့မှောက် ဗိုလ်ချုပ်ကြီး Breedlove က အဲဒီလို ပြောခဲ့တာပါ။

ဆီးရီးယား အရပ်သား တွေ အပေါ်မှာပါ မရှောင်၊ ဆီးရီးယား အစိုးရနဲ့ ရုရှား တို့က ပစ်မှတ်ထား တိုက်ခိုက် နေတာ ဟာ၊ စစ် ဘေးဒုက္ခသည် တွေ ဖြစ်လာ စေဖို့ တမင် ဖန်တီး ပေး နေတာ က လွဲပြီး ဒီ့ပြင့် အကြောင်း မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Breedlove က ဆိုပါတယ်။

ဥရောပ တိုက်မှာ ထားရှိထားတဲ့ အမေရိကန် တပ် တွေ အတွက် အသုံးစားရိတ် ရံပုံငွေ ပို တိုးမြှင့် ပေးရေး အတွက် ဗိုလ်ချုပ်ကြီး Breedlove က လာရောက် ထွက်ဆို ဖြေကြားရင်း ကနေ အခုလို ပြောကြား ခဲ့တာ ပါ။

ဒါ့အပြင် ရုရှား ဟာ အမေရိကန် ပြည်ထောင်စု အတွက် တိုးမြင့် ခြိမ်းခြောက် လာနေတဲ့ အန္တရာယ် တစ်ရပ် ဖြစ်တယ် ဆိုပြီးတော့လည်း အပြင်းအထန် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ