ဆူပါကျူ့စ်ဒေး ပရိုင်မာရီ ရွေးကောက်ပွဲတွေ အမေရိကန် ၁၁ ပြည်နယ် မှာ စနေပြီ

_super_tuesday_us_
Image caption ဆူပါ ကျူ့စ်ဒေး ဆိုပြီး အဓိက ပါတီကြီး ၂ ပါတီ ကို ကိုယ်စားပြုပြီး သမ္မတ လောင်း တွေ အဖြစ် ဘယ်သူ့ ကို ရွေးချယ် မလဲ ဆိုတာ ပြည်နယ် အလိုက် ရွေးကောက်ကြတဲ့ ပရိုင်မာရီ ရွေးကောက်ပွဲ တွေ ကို ပြည်နယ် တော်တော် များများ မှာ တစ်နေ့ တည်း ကျင်း ပ။

ဆူပါကျူ့စ်ဒေး နေ့ ပရိုင်မာရီ ရွေးကောက်ပွဲ တွေ မှာ မဲထည့် ဖို့ အမေရိကန် ၁၁ ပြည်နယ် က မဲ ဆန္ဒရှင် တွေ မဲရုံတွေ ကို သွားနေ ကြပါပြီ။

ရီပတ်ဘလေကဲန် ပါတီ သမ္မတ လောင်း ဖြစ်လာဖို့ ထိပ်က ပြေး နေတဲ့ ဒေါ်နယ်လ် ထရမ့်၊ ဒီမိုခရက် သမ္မတလောင်း ဖြစ်လာဖို့ တစ်ပြေးနေတဲ့ ဟီလာရီ ကလင်တန် တို့ဟာ ဆူပါကျူ့စ်ဒေး ရလာဒ် တွေ ထွက်ပေါ် လာရင် သူတို့ ရဲ့ ပြိုင်ဘက် အသီးသီး ကို ပြတ်ပြတ် သားသား ချန်ရစ် ထား ခဲ့နိုင် ဖို့ ကိုယ်စီ မျှော်လင့် နေကြပါတယ်။

မစ္စတာ ထရမ့် က ပြိုင်ဘက် မာကို ရူဘီယို ကို ဆူပါကျူ့စ်ဒေးနေ့ ပြည်နယ် တစ်ခုမှမှ မနိုင်ရင် ရီပတ်ဘလေကဲန် သမ္မတ လောင်း ဖြစ်ဖို့ ဝင်ပြိုင် နေတာ ကနေ ထွက်သင့်တယ် ဆိုပြီး ပြော နေပါတယ်။

မစ္စတာ ရူဘီယို ကို ရီပတ်ဘလေကဲန် အဖွဲ့အစည်း တော်တော် များများကတော့ ကျောထောက် နောက်ခံပြု ထောက်ခံ နေကြ ပါတယ်။

တခါ၊ မစ္စတာ ထရမ့် ရဲ့ နောက် ပြိုင်ဘက် တစ်ဦး ဖြစ်တဲ့ တက္ကဆက် ပြည်နယ် က ဆီနိတ်တာ အမတ် တက်ဒ်ခရုဇ် အနေနဲ့ လည်း ဆူပါကျူ့စ်ဒေး နေ့ တက္ကဆက် ပရိုင်မာရီမှာ အနိုင်ရမှပဲ သမ္မတ လောင်း ဖြစ်လာဖို့ ဆက်ပြီး မျှော်လင့် နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရက် ပါတီ ကို ကြည့်ရင်လည်း မစ္စစ္စ ကလင်တန် ရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်လို့ ပြောနိုင်တဲ့ ဘာနီ ဆဲန်ဒါစ် လည်းပဲ သူ့ရဲ့ ဗားမော်န့် ပြည်နယ် ပရိုင်မှာရီ မှာ နိုင်ဖို့ မျှော်လင့် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ