အမေရိကန် Super Tuesday နေ့မှာ မဲပေးနေ

  • 1 မတ် 2016

အမေရိကန် ပြည်ထောင်စု၊ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ရဖို့အတွက် ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး ကြိုးစားနေကြတဲ့ သမ္မတလောင်း အရွေးခံသူတွေ အနေနဲ့ ဒီကနေ့ မတ်လ ၁ ရက်နေ့၊ ပြည်နယ် အများအပြားက တစ်ရက်တည်း ရွေးချယ်တဲ့ Super Tuesday လို့ ခေါ်တဲ့ ရွေးကောက်ပွဲနေ့မှာ အကြီးဆုံး စမ်းသပ်မှုနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ခုစလုံးရဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို ပြည်နယ် ၁၁ ခုမှာ အသီးသီး မဲပေး ရွေးချယ်နေကြပြီး သမ္မတလောင်းတွေ အတွက် အရေးအကြီးဆုံး ပြိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။

ပြည်နယ် ၄ ခုက အစောပိုင်း မဲရလဒ်တွေအရ ရီပက်ဘလီကန် ပါတီအတွက် ဒေါ်နယ် ထရမ့်က ဦးဆောင်နေပြီး ဒီမိုကရက်တစ် ပါတီအတွက်တော့ ဟီလာရီ ကလင်တန်က ဦးဆောင် နေပါတယ်။

ဆီနိတ်တာ တက်ဒ်ခရုဇ် အနေနဲ့ သူ့ပြည်နယ် ဖြစ်တဲ့ တက္ကဆက်မှာ မစ္စတာ ထရမ့်ကို ရှုံးနိမ့်ဖို့ လုံးဝ လက်ခံနိုင်မှာ မဟုတ်သလို၊ မစ္စတာ ထရမ့် ကလည်း မက်ဆာချူးဆက် ပြည်နယ်မှာ ရှုံးဖို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရက်တစ် မှာလည်း အခု သီတင်းပတ် အကုန်က တောင်ကာရိုလိုင်းနား ပြည်နယ်မှာ နိုင်ခဲ့တဲ့ မစ္စက် ကလင်တန်က အဲဒီ အရှိန်အဝါကို သုံးဖို့ မျှော်လင့်နေပြီး၊ အဲဒီ မတိုင်ခင် နယူးဟမ့် ရှိုင်းယားမှာ ဘာနီ ဆန်းဒါးစ်ကို ရှုံးခဲ့ရတဲ့ အခြေအနေကို ပြန် အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

နိုင်ဝင်ဘာ ၈ ရက်နေ့မှာတော့ သမ္မတ သက်တမ်း နှစ်ကြိမ် ပြည့်ခဲ့ပြီ ဖြစ်တဲ့ ဒီမိုကရက်တစ် သမ္မတ ဘားရက် အိုဘားမားကို ဆက်ခံမယ့် သူကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ