အင်ဒို ကမ်းလွန်မှာ အင်အားပြင်း ငလျင် လှုပ်ခတ်

အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက် ကမ်းလွန်မှာ ပြင်းအား ၇.၉ ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး အသင်း USGS က ပြောပါတယ်။

ထိခိုက် ပျက်စီးမှုတွေ ကိုတော့ ချက်ချင်း မသိရသေးပါဘူး။

ဒေသအချိန် ၇ နာရီ ၄၉ မိနစ်က ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ပဒန်းမြို့ရဲ့ အနောက်တောင်ဘက် ၅၀၂ မိုင်အကွာ၊ ၁၀ ကီလိုမီတာ အနက် နေရာကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ USGS က ပြောပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက ဆူနာမီ အန္တရာယ် သတိပေးချက်တွေကို အနောက် ဆူမတြား၊ မြောက် ဆူမတြားနဲ့ အာချေး ဒေသတွေမှာ ထုတ်ပြန် ထားပါတယ်။

သြစတြေးလျ နိုင်ငံကလည်း Cocos ကျွန်းနဲ့ Christmas ကျွန်းတွေမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ပြင်းအား ၈.၉ ရှိခဲ့တဲ့ ငလျင်ကြီး လှုပ်ခဲ့ရာမှာ ပေါ်ပေါက်လာတဲ့ ဆူနာမီ လှိုင်းဒဏ်ကြောင့် လူပေါင်း နှစ်သိန်းကျော် သေဆုံး ခဲ့ရပါတယ်။

အဲဒီ နောက်ပိုင်း ပိုထိရောက်တဲ့ ဆူနာမီ စောင့်ကြည့်ရေး စနစ်တွေ တပ်လာခဲ့ပြီး၊ ငလျင်လှုပ်ပြီးတိုင်း ဆူနာမီ သတိပေးချက် ထုတ်ပြန်တာတွေကို ဒေသတွင်းမှာ ပိုမို လုပ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ