တရုတ် အကြွေးစိတ်ချရမှု အဆင့်ကို မူဒီစ် လျှော့ချ

  • 2 မတ် 2016
ဓာတ်ပုံ မူပိုင် EPA

အကြွေးနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရမှု အဆင့်ကို သတ်မှတ်တဲ့ အမေရိကန် ထိပ်တန်း ကုမ္ပဏီ Moody's က တရုတ်နိုင်ငံရဲ့ အကြွေးစိတ်ချရမှု အဆင့်ကို တည်ငြိမ် အဆင့်ကနေ အဆင့်လျှော့ချ သတ်မှတ် လိုက်ပါတယ်။

အခုလို တရုတ်ရဲ့ အဆင့်ကို လျှော့ချ လိုက်သလို နောက်ထပ် လျှော့ချ သတ်မှတ်တာ မခံရအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပြီ လို့လည်း မူဒီစ်က သတိပေး လိုက်ပါတယ်။

တရုတ်ရဲ့ ဘဏ္ဍာရေး အခြေနေ ဆက်လက် အားနည်းလိမ့်မယ် ဆိုတဲ့ မျှော်မှန်းချက်တွေကို အခြေခံပြီး အခုလို သတ်မှတ်ချက် ပြောင်းလဲခဲ့တာလို့ မူဒီစ်က ပြောပါတယ်။

ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတာတွေကို ရုတ်အစိုးရ အနေနဲ့ အပြည့်အဝ အကောင်အထည် မဖော်နိုင်မှာကိုလည်း မူဒီစ်က စိုးရိမ်ကြောင်း ပြောပါတယ်။

တရုတ် အစိုးရပိုင် လုပ်ငန်းတွေနဲ့ ဘဏ်တွေကနေ တရုတ် အစိုးရကို ပေးစရာ ရှိတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း မူဒီစ်က ပြောပါတယ်။

တရုတ် စီးပွားရေး တိုးတက်မှု အရှိန် ဆက်လက် လျော့ကျဖို့ ရှိတယ်လို့ ကောက်ချက် ချနိုင်တဲ့ အချက်အလက် အသစ်တွေ ပေါ်ထွက်လာပြီး မကြာမီမှာပဲ မူဒီစ်က အခုလို တရုတ် အကြွေး အဆင့်ကို လျှော့ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ