မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှု အသစ်တွေ လုံခြုံရေး ကောင်စီ ချမှတ်

_members_of_the_un_security_council_vote_
Image caption ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီမှာ ကန့်ကွက်တဲ့သူ မရှိ တခဲနက် ဆုံးဖြတ်။

မြောက်ကိုရီးယား အပေါ် နိုင်ငံတကာ ပိတ်ဆို့ ကန့်သတ် အရေးယူမှု တွေကို သိသိသာသာ ပိုတိုးပြီး ချမှတ်မယ် လို့ ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီမှာ ကန့်ကွက်တဲ့သူ မရှိ တခဲနက် ဆုံးဖြတ် ခဲ့ကြပါတယ်။

အဲဒီ့ ကန့်သတ်ချက် အသစ် အရ မြောက်ကိုရီးယား နိုင်ငံဆီ ဝင်ထွက်မယ့် ကုန်စည် အားလုံး အစစ်ဆေး ခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား နဲ့ သံ အဆက်အသွယ် ထားရှိတားတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ သူတို့ဆီက မြောက်ကိုရီးယား သံတမန် တွေ တရားမဝင် လုပ်ရပ် တွေ လုပ်ဆောင် နေတယ် ဆိုရင် နှင်ထုတ် ပစ်ရမှာ ဖြစ်ပါတယ်။

လုံခြုံရေး ကောင်စီ ရဲ့ အခု ဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန် နဲ့ တရုတ် တို့ ရေးဆွဲ ခဲ့ ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းက မြောက်ကိုရီးယား ဟာ နျူကလီယာ စမ်းသပ် ဖောက်ခွဲမှု တွေ နဲ့ ဒုံကျည် ပစ်လွှတ် မှု ထပ်မံ ပြုလုပ် လာခဲ့ပြန်တဲ့ နောပက် အခုလို အရေးယူ ဆောင်ရွက်မှု တွေ ကို တုံ့ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

အခု လို ပိတ်ဆို့ ကန့်သတ်မှု အသစ် တွေ ချမှတ် ရတာ ဟာ မြောက်ကိုရီးယား အစိုးရ ကို သူတို့ရဲ့ ပြည်သူတွေ အကျိုးအတွက် ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်းကို ရွေးဖို့ နိုင်ငံတကာ က အသိပေး လိုက်တာပဲ ဖြစ်တယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ