ကိုယ်၀န်ဖျက်ခွင့် ဆိုင်ရာ အရေးကြီးဆုံး အမှုကိစ္စ အမေရိကန် တရားရုံးချုပ် ကြားနာနေ

  • 2 မတ် 2016
us_abortion_court
Image caption အခုအမှု ကနေ ထွက်ပေါ် လာမယ့် ဆုံးဖြတ် ချက်ဟာ အမေရိကန် တဝှမ်းက သန်းပေါင်း များစွာသော အမျိုးသမီးထု အပေါ် ရိုက်ခတ် လာ နိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ အမြင့်ဆုံး တရားရုံးချုပ် မှာ အခု ဆယ်စုနှစ် တွေ အတွင်း အငြင်းပွားဖွယ် အဖြစ်ဆုံး ကိုယ်ဝန် ဖျက်ချ ပိုင်ခွင့် နဲ့ ပတ်သက်တဲ့ အမှု ကိစ္စ အပေါ် နှစ်ဘက် ငြင်းခုံမှု တွေကို စတင် ကြားနာ နေပြီ ဖြစ်ပါတယ်။

အခုအမှု ကနေ ထွက်ပေါ် လာမယ့် ဆုံးဖြတ် ချက်ဟာ အမေရိကန် တဝှမ်းက သန်းပေါင်း များစွာသော အမျိုးသမီးထု အပေါ် ရိုက်ခတ် လာ နိုင်ပါတယ်။

ကိုယ်ဝန် ဖျက်ချ ပေးတဲ့ ဆေးခန်း တွေ နဲ့ ဆရာဝန် တွေ အပေါ် တင်းကြပ် တဲ့ ကန့်သတ် ချက် တွေ ချမှတ် ထားတဲ့ တက္ကဆက် ပြည်နယ် ဥပဒေ ဟာ အမျိုးသမီး တွေ ရဲ့ အခြေခံ ဥပဒေပါ အခွင့်အရေး ကို ကန့်သတ် ရာ ရောက် သလား ဆိုတာကို ဗဟို တရားရုံးချူပ် တရားသူ ကြိး ၈ ဦး က ဆုံး ဖြတ် ကြမှာ ဖြစ်ပါတယ်။

တရားလွှတ်တော် ရုံးချုပ် ရဲ့ အပြင် ဘက်မှာ ကိုယ်ဝန် ဖျက်ချခွင့် ကို ထောက်ခံ သူတွေ ရော ကန့်ကွက်သူတွေ ပါ ရာပေါင်းများစွာ စုရုံး ရောက်ရှိ နေပါတယ်။

ဒီ အမှုကိစ္စ နဲ့ ပတ်သက်ပြီး တရားရုံးချုပ် တရားသူကြီး ၈ ဦး ဟာ သဘောထား ကွဲ နေဟန် တူပါတယ်။

ရှေးရိုးစွဲ ကွန်ဆားဗတစ်ဗ် အဖြစ်ဆုံး တရားရုံးချုပ် တရားသူကြီး Antonin Scalia ပြီးခဲ့တဲ့ လ က ကွယ်လွန် ခဲ့ အပြီး တရားရုံးချုပ် တရားသူကြီး တွေ ကြား ထဲ အယူအဆ သဘောထား လွတ်လပ် ပြီး လစ်ဘရယ် ဖြစ်သူတွေ နဲ့ ကွန်ဆားဗတစ်ဗ် ဖြစ်သူ တွေ အရေအတွက် ညီတူညီမျှ ဖြစ်နေ ပါတယ်။

ဒါ့ကြောင့် လစ်ဘရယ် အမြင် နဲ့ ဆုံးဖြတ် မလား၊ ကွန်ဆားဗတစ်ဗ် အမြင်နဲ့ ဆုံးဖြတ် မလား မသေချာ တဲ့ တရားသူကြီး Anthony Kennedy အပေါ် လူတွေ အာရုံ စိုက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ