ထိန်းသိမ်း စစ်မေးခံရလို့ ဘရာဇီးသမ္မတဟောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန်

lula_sao_bernardo ဓာတ်ပုံ မူပိုင် Reuters
Image caption လူလာဒါဆေးလ်ဗားဟာ လက်ရှိ သမ္မတ ဂျီးလ်မား ရူးဆက်ဖ် နဲ့ အင်မတန် နီး စပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဘရာဇီး သမ္မတ ဟောင်း လူဝီးဇ် အင်နာဆီယို လူလာ ဒါ ဆေးလ်ဗား ဟာ အကျင့်ပျက် ခြစားမှု စွဲချက် တွေ နဲ့ အစိုးရ ရှေ့နေ တွေ က မေးမြန်း တာ ခံခဲ့ရတဲ့ အတွက် အတော် ပြင်းပြင်းထန် တုံ့ပြန် ဝေဖန် ခဲ့ပါတယ်။

မစ္စတာ လူလာ ဒါ ဆေးလ်ဗား ဟာ ၃ နာရီ ကျော်ကြာ အထိန်းသိမ်း ခံခဲ့ရပါတယ်။

သူ့ အနေနဲ့ အကျဉ်းသား တစ်ဦး သဖွယ် ခံစားခဲ့ ရတယ်လို့ ဆိုတဲ့ အပြင် ဒီမိုကရေစီ အပေါ် မလေးမစား အ ပြုလုပ် ခံရတဲ့ နေ့ပဲ ဆိုပြီးတော့လည်း မစ္စတာ လူလာ ဒါ ဆေးလ်ဗား က ဆိုပါတယ်။

နိုင်ငံပိုင် ပက်ထရိုဘရပ်စ် ရေနံ ကုမ္ပဏီ ကြီး နဲ့ ပတ်သက် နေတဲ့ ဒေါ်လာ သန်း ပေါင်း များစွာ သော လာဘ်ပေး လာဘ်ယူ မှု တွေ မှာ သမ္မတ ဟောင်း လူလာ ဒါ ဆေးလ်ဗား ပါဝင် ပတ်သက် နေတယ် ဆိုပြီး သူ့ ရဲ့ ကိုယ်ပိုင် အိမ် တွေ၊ မိသားစု ဝင်တွေ ရဲ့ နေအိမ် တွေ နဲ့ သူ တည်ထောင် ထားတဲ့ ပရဟိတ ဖောင်ဒေးရှင်း ရုံခန်း ကို ဝင်ရောက် ဘရာဇီး အာဏာပိုင် တွေ ဝင်ရောက် စီးနင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ အမှု နဲ့ ပတ်သက်ပြီး ဘရာဇီး နိုင်ငံရေး သမားတွေ၊ စီးပွားရေး ကုမ္ပဏီ တွေ ရဲ့ ထိပ်တန်း အလုပ်အမှု ဆောင် တွေ အတော်များများ အဖမ်း ခံထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ