ဆီးရီးယား သူပုန် ထိန်းချုပ်မြေတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲ တွေ ပြုလုပ်

  • 4 မတ် 2016
_syria_protest_
Image caption သွေးစွန်းလက် ပိုင်ရှင် သမ္မတ အာဆတ်ကို ဆီးရီးယား နိုင်ငံရေး အသွင်ပြောင်းမှု မှာ ဘယ်လို အခန်း ကဏ္ဍ မှာမှ ဆက်လက် ပါဝင်ခွင့် ပေးမှာ မဟုတ်ဘူး ဆိုပြီးတော့ အဓိက အတိုက်အခံ အဖွဲ့ ခေါင်းဆောင် ရီယာ့ဒ် ဟေဂျပ် က ပြော။

ဆီးရီးယား နိုင်ငံ မှာ လက်ရှိ ရယူထားတဲ့ အပစ်ရပ်မှု ကို အသုံးချပြီး သူပုန် တွေ ထိန်းချုပ်ရာ နေရာ တွေ မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲ တွေ ပြုလုပ် ခဲ့တာ မှာ လူတွေ ရာပေါင်းများစွာ ပါဝင် ခဲ့ကြပါတယ်။

ဆီးရီးယား မြို့ကြီး တွေ ဖြစ်တဲ့ ဟုမ်းစ်၊ အလက်ပ်ပို၊ ဒမတ်စ်ကပ်စ် နဲ့ ဒဲရ်ရာ တို့မှာ ဆန္ဒပြပွဲ တွေ ပြုလုပ် ခဲ့တာ ဖြစ်ပြီး သမ္မတ အာဆတ် ပြုတ်ကျဖို့ အော်ဟစ် တောင်းဆို ခဲ့ကြ ပါတယ်။

ဆီးရီးယား မှာ အပစ်ရပ် သဘောတူမှု အသက်ဝင် နေတာ သီတင်း တစ်ပတ် နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အပစ်ရပ် ထား ဖို့ အတွက် အခြေခံ ရှိနေရမယ့် အချက် တွေ ကတော့ အပြည့်အဝ ဖြစ်ပေါ် မနေဘူး ဆိုပြီး အဓိက အတိုက်အခံ အဖွဲ့ က ဆိုပါတယ်။

ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း တွေ ပို့ဆောင် မှုကို ဆီးရီးယား အစိုးရက တားမြစ် နေတယ် လို့ လည်း ပြောပါတယ်။

လာမယ့် သီတင်းပတ် ထဲမှာ ဆီးရီးယား ငြိမ်းချမ်းရေး အတွက် စကားဝိုင်း တွေ ပြန်လည် စတင်ဖို့ ရည်မှန်း ထား ပါတယ်။

သွေးစွန်းလက် ပိုင်ရှင် သမ္မတ အာဆတ်ကို ဆီးရီးယား နိုင်ငံရေး အသွင်ပြောင်းမှု မှာ ဘယ်လို အခန်း ကဏ္ဍ မှာမှ ဆက်လက် ပါဝင်ခွင့် ပေးမှာ မဟုတ်ဘူး ဆိုပြီးတော့ လည်း အဓိက အတိုက်အခံ အဖွဲ့ ခေါင်းဆောင် ရီယာ့ဒ် ဟေဂျပ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ