အကျင့်ပျက်မှု စွဲချက်နဲ့ မေးမြန်းခံခဲ့ရတဲ့ ဘရာဇီး သမ္မတဟောင်းကို လက်ရှိ သမ္မတ သွားတွေ့

_lula_discurso_ap ဓာတ်ပုံ မူပိုင် AP
Image caption သူ့ ရဲ့ ပုံရိပ် နဲ့ သူ့ နေရာကို ဆက်ခံမယ့် သူ အဖြစ် သူကိုယ်တိုင် ရွေးချယ် ခဲ့တဲ့ မစ္စ ရူးဆက်ဖ် တို့ရဲ့ ပုံရိပ် ကို ထိခိုက် အောင် ပြုလုပ် လာတာ ဖြစ်တယ် လို့ မစ္စတာ လူလာ ဒါ ဆေးလ်ဗား က ဆို။

ဘရာဇီး မှာ နိုင်ငံပိုင် ပက်ထရိုဘရတ်စ် ရေနံ ကုမ္ပဏီ နဲ့ ပတ်သက်တဲ့ ငွေကြေး မသမာ မှု တွေ အပေါ် စုံစမ်း နေတာ တွေ ထဲ အစစ်ဆေး အမေးမြန်း ခံခဲ့ရတဲ့ သမ္မတဟောင်း လူဝီးစ် အင်နာဆီယို လူလာဒါ ဆေးလ်ဗား ဆီကို အခင်း ဖြစ်ပြီး နောက်တစ်ရက် မှာပဲ လက်ရှိ သမ္မတ ဂျီးလ်မား ရူးဆက်ဖ် လူကိုယ်တိုင် လာရောက် တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ လူလာ ဒါ ဆေးလ်ဗားရဲ့ တိုက်ခန်း လသာဆောင် ကို သမ္မတ ရူးဆက်ဖ် ထွက်လာ ပြီး အောက်မှာ စုဝေး ရောက်ရှိ နေကြတဲ့ ရာ နဲ့ ချီတဲ့ လူ တွေ ကို လက်ပြ နှုတ်ဆက် ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့က ၃ နာရီ ကျော် ကြာ အထိန်းသိမ်း ခံ ခဲ့ရတာ ဟာ သူ့ ရဲ့ ပုံရိပ် နဲ့ သူ့ နေရာကို ဆက်ခံမယ့် သူ အဖြစ် သူကိုယ်တိုင် ရွေးချယ် ခဲ့တဲ့ မစ္စ ရူးဆက်ဖ် တို့ရဲ့ ပုံရိပ် ကို ထိခိုက် အောင် ပြုလုပ် လာတာ ဖြစ်တယ် လို့ မစ္စတာ လူလာ ဒါ ဆေးလ်ဗား က ဆိုပါတယ်။

မစ္စတာ လူလာ ဒါ ဆေးလ်ဗား ရဲ့ ပရဟိတ ဖောင်ဒေးရှင်း ဖြစ်တဲ့ လူလာ အင်စတီကျူ့ ဆီ ဝင်လာ တဲ့ ငွေတွေ ကို စစ်ဆေး နေတယ် လို့ ဘရာဇီး က ရဲ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ