မီဒီယာလွတ်လပ်ခွင့် အစ္စတန်ဘူလ် ဆန္ဒပြပွဲ ဖြိုခွင်းခံရ

_zaman_main_office_police ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ က သိမ်းယူ လိုက်တဲ့ တူရကီ ရဲ့ အရောင်းရ ဆုံး ဇမန်း သတင်းစာ တိုက် ရှေ့ လူ တွေ စုရုံး ခဲ့ကြ။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ မီဒီယာ လွတ်လပ်ခွင့် ဆန္ဒပြပွဲ ကို ရဲ က ဖြိုခွင်း ခဲ့ ပါတယ်။

အစိုးရ က သိမ်းယူ လိုက်တဲ့ တူရကီ ရဲ့ အရောင်းရ ဆုံး ဇမန်း သတင်းစာ တိုက် ရှေ့ လူ တွေ စုရုံး ခဲ့ကြတာ ဖြစ်ပြီး တူရကီ အစိုးရ ကို ရှုတ်ချ ပြစ်တင် ခဲ့ကြပါတယ်။

သတင်းလွတ်လပ်ခွင့် ကို ပိတ်ပင် လို့ မရ ကြောင်း အော်ဟစ် နေတဲ့ လူအုပ်ကို တူရကီ ရဲ တွေက မျက်ရည်ယို ဗုံး တွေ နဲ့ ပစ်၊ ရေပိုက်တွေနဲ့ ထိုးပြီး ဖြိုခွင်း ခဲ့ကြ ပါတယ်။

ဇမန်း သတင်းစာ တိုက် ကို အစိုးရ က ထိန်းချုပ် လိုက်တဲ့ နောက် မူလ ဝန်ထမ်း အတော်များများ အလုပ်ဖြုတ် ခံခဲ့ရတယ် လို့ ဒေသတွင်း သတင်း ဌာန တွေက ပြောပါတယ်။

အခုလို တူရကီ အစိုးရ က သတင်းစာ တိုက် ကို သိမ်းယူ ခဲ့တဲ့ လုပ်ရပ် အပေါ် တူရကီ အတိုက်အခံ ပါတီကရော အနောက် နိုင်ငံတွေကပါ ကန့်ကွက် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ