တူရကီ သတင်းစာတိုက်ကိစ္စ ဆန္ဒပြ

  • 5 မတ် 2016
ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption တူရကီရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုးခဲ့လို့ ဆန္ဒပြသူတွေ ဒဏ်ရာရ

တူရကီ နိုင်ငံရဲ့ အရောင်းရဆုံး သတင်းစာတိုက် ဇမန်း ကို ရဲတပ်ဖွဲ့ က စီးနင်း သိမ်းပိုက် တာကို မကျေနပ်လို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ရဲတပ်ဖွဲ့က ဖြိုခွင်း မှုတွေ ပြုလုပ်နေပါတယ်။

ဆန္ဒပြတဲ့ လူတွေဟာ သတင်းစာ တိုက်ကို ဝန်းရံထားပြီး သတင်းစာ တိုက် အတွင်းမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ အကာအရံ တွေချ ထားပြီး နေရာ ယူထားကြောင်း မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောပါတယ်။သောကြာ နေ့က တူရကီ ရဲတပ်ဖွဲ့ဟာ သတင်းစာ တိုက်ရှေ့က ဆန္ဒပြလူအုပ် ကို မျက်ရည်ယို ဗုံးတွေ အသုံးပြု ဖြိုခွဲ ခဲ့ပြီး သတင်း စာ တိုက်ကို ဝင်ရောက် စီးနင်း မှုတွေ ပြုလုပ် ခဲ့ပါတယ်။

ဇာမန်း သတင်းစာ အယ်ဒီတာချုပ် အဗ်ဒူဟာမစ် ဘီလီစီ ကအစိုးရ အကြောင်း ဝေဖန် တဲ့ လူတွေကို ထိန်းသိမ်းတာ၊ တရားစွဲ ဆိုတာတွေ ပြီးတော့ သတင်းစာ တိုက် တွေကို ဝင်ရောက် စီးနင်း တာတွေက လွန်ခဲ့တဲ့ သုံး လေး နှစ် အတွင်းမှာ အလေ့ အထ လို ဖြစ်လာ နေပြီး တူရကီ နိုင်ငံ သတင်း လွတ်လွပ် ခွင့် သမိုင်းဟာ အမှောင် အတိ ကျ ရောက် ခဲ့ပြီလို့ ပြောကြား သွား တာ ဖြစ်ပါတယ်။ တူရကီ သမ္မတ ကို ဝေဖန် ရေးသား လေ့ ရှိတဲ့ ဇမန်း သတင်းစာ ဟာ အကြမ်းဖက် သမားတွေရဲ့ ဝါဒ ဖြန့်ချီမှု သတင်းတွေကို ရေးသား ထုတ်ဝေ နေတယ်လို့ အစိုးရ ရှေ့နေ တွေက စွတ်စွဲ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ