တရုတ်မှာ ဝန်ထမ်း ၃ သိန်းကို အရေးယူ

  • 6 မတ် 2016
China ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၃ မှာ သမ္မတ ရှီဂျင်ပင်း တက်လာပြီးနောက် အဂတိလိုက်စားမှုကို ဦးစားပေးလုပ်ဆောင်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဝန်ထမ်း ၃ သိန်းနီးပါးကို အဂတိလိုက်စားမှုနဲ့ အပြစ်ပေးအရေးယူခဲ့တယ်လို့ အာဏာရ ကွန်မြူနစ်ပါတီက ပြောပါတယ်။

အဲဒီထဲက လူ ၂ သိန်းလောက်ကိုတော့ သေးငယ်တဲ့ ပြစ်ဒဏ်တွေ ပေးခဲ့ပြီး ၈ သောင်း ၂ ထောင်ကိုတော့ ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် သမ္မတ ရှီဂျင်ပင်းတက်လာတဲ့အချိန်မှာ အဂတိလိုက်စားမှုကို ဦးစားပေးဖြေရှင်းမယ်လို့ ပြောခဲ့ပါတယ်။

ပါတီတွင်းက နာမည်ကြီးတချို့ကိုလည်း ပစ်မှတ်ထားအရေးယူခဲ့ပါတယ်။

ဒါပေမယ့် တချို့အကဲခတ်တွေကတော့ သမ္မတ ရှီဂျင်ပင်းရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်ဟာ သူ့ရဲ့ သြဇာအာဏာကို ပိုမို ခိုင်မာအောင် ထူထောင်ဖို့ လုပ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။