အီရတ် ဟီလာမြို့မှာ အသေခံ ကားဗုံးခွဲ တိုက်ခိုက်

hilla_bomb_iraq_
Image caption ဗုံးတွေ သယ်ဆောင် ထားတဲ့ လော်ရီကား ကို စစ်ဆေးရေး ဂိတ် တစ်ခုမှာ ခွဲပစ်လိုက်တာ ဖြစ်။

အီရတ် နိုင်ငံ ဟီလာ မြို့မှာ အနည်းဆုံး လူ ၄၇ ယောက် သေဆုံး ခဲ့ရတဲ့ အထိ အတိုက်အခိုက် ခံခဲ့ရတဲ့ အသေခံ ဗုံးခွဲ ကို သူတို့ လုပ်ဆောင် ခဲ့တာ ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ပြောပါတယ်။

ဗုံးတွေ သယ်ဆောင် ထားတဲ့ လော်ရီကား ကို စစ်ဆေးရေး ဂိတ် တစ်ခုမှာ ခွဲပစ်လိုက်တာ ဖြစ်တယ် လို့ အီရတ် အာဏာပိုင်တွေ က ပြောပါတယ်။

အခင်း ဖြစ်ချိန်ဟာ အသွားအလာ များတဲ့ နေ့ခင်းပိုင်းမှာ ဖြစ်တာ ကြောင့် အဲဒီ့ လုံခြုံရေး ဂိတ်မှာ အစစ်ဆေး ခံဖို့ စောင့်နေတဲ့ ကားတန်း ရှည်ကြီး ရှိနေတယ် လို့လည်း ဆိုပါတယ်။

အီရတ် နိုင်ငံမှာ IS လက်နက်ကိုင် တွေ ဟာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံး နေတာကြောင့် အခု ပုံစံ တိုက်ခိုက် မှု မျိုး တွေကို ပိုမို ကျူးလွန် လာတယ် လို့ သုံးသပ်သူ တွေ က ဆိုပါတယ်။

တခါ၊ ဆီးရီး နိုင်ငံ မှာလည်း မြောက်ပိုင်းမြို့ အလက်ပ်ပို ရဲ့ စျေး နေရာ တစ်ခုကို ရော့ကက် ဒုံးကျည် တွေ ထိမှန် ခဲ့ တဲ့ အတွက် လူ ၁၄ ယောက် သေဆုံး သွားတယ် လို့ အစိုးရပိုင် မီဒီယာ က ဆိုပါတယ်။

ဒါပေမယ့် အစိုးရ က ပြောသလောက် သေဆုံး သူ အရေအတွက် အဲဒီ လောက် မများ ဘူး ဆိုပြီး တခြား သတင်း ရင်းမြစ် တွေ ကတော့ ဆိုပါတယ်။

အပစ်ရပ် သဘောတူမှု ရယူ ထားတဲ့ ဆီးရီးယား ရဲ့ တခြား အစိတ်အပိုင်း နေရာ တွေ မှာတော့ သဘောတူမှု အပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိန်းထား နိုင်ပုံ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ