နန်စီရေဂန် ကွယ်လွန်ပြီ

  • 6 မတ် 2016
_nancy_reagan ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ရုံးလုပ်ငန်း တွေ အပေါ်မှာပါ ဩဇာ လွှမ်းမိုး နိုင်သူ တစ်ယောက် ဖြစ်ခဲ့။

အမေရိကန် သမ္မတဟောင်း ရော်နယ် ရီဂန်ရဲ့ ဇနီးသည် နန်စီရီဂန် တစ်ယောက် အသက် ၉၄ နှစ် အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

၁၉၈၁ ကန ၈၉ အထိ သမ္မတ ရီဂန်လက်ထက်၊ ခင်ပွန်း ဖြစ်သူ သမ္မတနဲ့ အင်မတန် နီးစပ်ပြီး တချို့ လေ့လာသူတွေက ဆိုရင် သမ္မတ ရုံးလုပ်ငန်း တွေ အပေါ်မှာပါ ဩဇာ လွှမ်းမိုး နိုင်သူ တစ်ယောက် ဖြစ်ခဲ့တယ် လို့ ဆိုကြပါတယ်။

သမ္မတ ရီဂန် နောက်ပိုင်း ခံစားခဲ့ရတဲ့ အယ်လ်ဇိုင်းမား ဆိုတဲ့ ဦးနှောက် မှတ်ဉာဏ် ယိုယွင်းမှု ရောဂါ ဝေဒနာ နဲ့ ပတ်သက်ပြီး မစ္စစ် ရေဂန် လုပ်ဆောင်ခဲ့တဲ့ ပရဟိတ လုပ်ငန်း တွေ အပေါ် လက်ရှိ သမ္မတ အိုဘားမား က သူ့ရဲ့ ဝမ်းနည်း စကားထဲ အမှတ်တရ ထည့်သွင်း ချီးကျူး ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ ကတော် ဆိုတဲ့ အခန်းကဏ္ဍ ဟာ နန်စီရေဂန် ကြောင့် ပြောင်းလဲ လာခဲ့တယ် ဆိုပြီးတော့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ