ဆိုမာလီ စစ်သွေးကြွ တွေကို ကန်စစ်ဆင်

al-Shabaab ဓာတ်ပုံ မူပိုင် AFP
Image caption al-Shabaab စစ်သင်တန်း စခန်း ကို လေကြောင်းက ပစ်ခတ် ခဲ့

ဆိုမာလီက al-Shabaab စစ်သွေးကြွ အုပ်စုကို လေကြောင်း တိုက်ခိုက်မှုကြီး တခု လုပ်ခဲ့တယ် လို့ အမေရိကန် စစ်ဌာနချုပ်က ပြောကြား ပါတယ်။

စနေနေ့က al-Shabaab အဖွဲ့ရဲ့ စစ်သင်တန်း စခန်း တခုကို လေကြောင်းက ပစ်ခတ် ခဲ့ရာမှာ ခန့်မှန်းခြေ လူ ၁၅ဝ ကျော် သေဆုံးတယ် လို့ ပင်တာ ဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

မိုဂါဒစ်ရှူး မြို့တော် မြောက်ဘက် မိုင် တရာ ကျော် ဝေးတဲ့ ဒေသမှာ လေယာဉ်နဲ့ မောင်းသူမဲ့ ဒရုန်း လေယာဉ်တွေ သုံးပြီး တိုက်ခိုက် ခဲ့တာ လို့ ဆိုပါတယ်။

ဒီချိန်မှာ သူပုန် တပ်သား တွေက တိုက်ခိုက်မှု တခု လုပ်ဖို့ စခန်းကို ခွာဖို့ ပြင်နေတယ်လို့ ထောက်လှမ်းရေး သတင်း ရရှိ ကြောင်း အမေရိကန် စစ်ဘက်က ပြောပါတယ်။

al-Shabaab သူပုန် တွေ ဘက်က ဘာမှ တုံ့ပြန်မှု မရှိသေးသလို တိုက်ခိုက်မှု အတွက် သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ