ပါကစ္စတန်မှာ လက်စားချေ ဗုံးခွဲ၊ ၁၀ ဦးသေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကလေးသူငယ်တွေ အပါအဝင် အများအပြား ဒဏ်ရာရ။

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းက တရားရုံး တစ်ခုရဲ့ အဝင်အဝမှာ အသေခံ ဗုံးခွဲမှု တစ်ခု ဖြစ်ခဲ့ပြီး အနည်းဆုံး ၁၀ ဦး သေဆုံး သွားပါတယ်။

ရှက်ဘ် ကာဒါ မြို့က တရားရုံး ဝင်းတစ်ခုထဲကို စစ်သွေးကြွ တစ်ဦးက ဝင်ရောက်ဖို့ ကြိုးစားစဉ် အသေခံ ဗုံးခွဲခဲ့တာ ဖြစ်ပြီး တခြား ၂၇ ယောက်လည်း ဒဏ်ရာ ရခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို သတ်ခဲ့တဲ့ Mumtaz Qadri ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကွပ်မျက် ခဲ့တဲ့အတွက် လက်စားချေတဲ့ အနေနဲ့ အခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ တာလီဘန် လက်အောက်ခံ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

အဲဒီ Mumtaz Qadri ဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကိုယ်ရံတော်ဟာ ဘာသာရေး စော်ကားမှု ဆိုင်ရာ ဥပဒေတွေကို ဆန့်ကျင်တဲ့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ၂၀၁၁ ခုနှစ်က သတ်ဖြတ် ခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ သူ့ကို အများအပြားက ဘာသာရေး ဆိုင်ရာ သူရဲကောင်း တစ်ယောက်လို ချီးမြှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ