ရှာရာပိုဗာ ဆေးစစ်မှု ကျရှုံးလို့ စပွန်ဆာတွေ ရုပ်သိမ်း

  • 8 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption လော့စ် အိန်ဂျလိစ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှာရာပိုဗာက ဆေးစစ်မှု ကျရှုံးခဲ့ကြောင်း ဝန်ခံခဲ့။

ရုရှားသူ တင်းနစ် အကျော်အမော် မာရီယာ ရှာရာပိုဗာက သြစတြေးလျ အိုးပင်း ပြိုင်ပွဲအတွက် ဆေးစစ်မှု ကျရှုံးခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် သူ့ရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီကြီး ၃ ခုက သူနဲ့ အဆက်သွယ်တွေကို ရုပ်သိမ်း လိုက်ကြပါတယ်။

ရှာရာပိုဗာရဲ့ အဓိက စပွန်ဆာတွေ ဖြစ်တဲ့ ဂျာမန် ကားကုမ္ပဏီကြီး ပို့ရှ် Porsche ၊ ဆွစ် နာရီကုမ္ပဏီ တက်ဂ် ဟော်ရာ Tag Heuer နဲ့ အားကစား အသုံးအဆောင် ကုမ္ပဏီ နိုက်ကီ Nike တို့က သူနဲ့ သဘောတူထားချက် တွေကို ရပ်ဆိုင်း လိုက်ကြတာပါ။

သွေးလည်ပတ်မှုကို အားပေးတဲ့ meldonium ခေါ်တဲ့ တားမြစ်ဆေး သုံးစွဲခဲ့တာကို ရှာရာပိုဗာက တနင်္လာနေ့မှာ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ရှာရာပိုဗာက အဲဒီဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့ ၁၀ နှစ်လောက် တရားဝင် သုံးစွဲခဲ့တာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ တင်းနစ် အာဏာပိုင်တွေက အဲဒီဆေးကို တားမြစ်ဆေး အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာကို သတိမပြုမိခဲ့တာ ဖြစ်ကြောင်း ရှာရာပိုဗာက ပြောပါတယ်။

ဂရန်းဆလမ်း ချန်ပီယံ ၅ ကြိမ် ဖြစ်ဖူးတဲ့ ရှာရာပိုဗာက ဒီကိစ္စကြောင့် သူမရဲ့ တင်းနစ်မယ်ဘဝ အဆုံးသတ် သွားနိုင်တဲ့အထိ ဖြစ်လာမယ်လို့ မမျှော်လင့်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကစားခွင့် ပိတ်ပင်တာကိုတော့ ခံရနိုင်ဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ