ပါလက်စတိုင်း ခေါင်းဆောင်တွေကို ဂျိုးဘိုင်ဒန် ဝေဖန်

  • 9 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ဓားထိုးမှုတွေကြောင့် အမေရိကန် တစ်ဦး သေဆုံးပြီး၊ အစ္စရေး ၁၂ ဦး ဒဏ်ရာရခဲ့။

အစ္စရေး နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်သူတွေ အပေါ် အစ္စရေးကို ရောက်နေတဲ့ အမေရိကန် ဒု သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြောဆို လိုက်တဲ့အတွက် ဒါဟာ ပါလက်စတိုင်း ခေါင်းဆောင်တွေကို သွယ်ဝိုက် ထိုးနှက် လိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန် ဒုသမ္မတ အစ္စရေးမှာ ရောက်ရှိနေစဉ် အတွင်းမှာပဲ ပါလက်စတိုင်း တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ပေါ်ပေါက် ခဲ့တာဖြစ်ပြီး၊ ဂျိုးဘိုင်ဒန်က သူရဲ့ အစ္စရေး ခရီးစဉ် အတွင်းမှာ ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဂျေရုဆလင်က ဘတ်စ်ကား တစ်စီးကို သေနတ်နဲ့ ပစ်တဲ့ ပါလက်စတိုင်း နှစ်ဦးကို အစ္စရေး ရဲတွေက ပစ်သတ်ခဲ့ရပြီး၊ နောက်ထပ် ပါလက်စတိုင်း တစ်ဦးကိုလည်း ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းမှာ စစ်သားတွေကို ဓားနဲ့ ထိုးဖို့ ကြိုးစားစဉ် ပစ်သတ် ခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ အမေရိကန် နိုင်ငံသား တစ်ဦး ဓားထိုးခံရလို့ သေဆုံးခဲ့ပြီး အစ္စရေး ၁၂ ယောက် ဒဏ်ရာ ရခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို ပါလက်စတိုင်း ခေါင်းဆောင်တွေက လှုံဆော် ပေးနေတယ်လို့ အစ္စရေးက စွပ်စွဲပြီး၊ ပါလက်စတိုင်း ခေါင်းဆောင်တွေ ကတော့ ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးတွေရဲ့ သိမ်းပိုက် ထားမှုကြောင့်သာ ဖြစ်တယ်လို့ ပြန်ချေပကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ