အရည်အချင်း မပြည့်မှီတဲ့ စကားပြန် တွေကို ဩစတြီးယား ရဲတွေ အသုံးပြု

migrant_ ဓာတ်ပုံ မူပိုင် AFP
Image caption ဩစတြီးယား အာဏာပိုင် တွေက နယ်စပ် ဝင်ပေါက် တွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် နေ။

ဩစတြီးယား နိုင်ငံက နယ်ခြား ဝင်ပေါက် မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေ နဲ့ စကားပြော ဆက်ဆံ တဲ့ အခါ အရည်အချင်း မပြည့်မှီတဲ့ စကားပြန် တွေကို ဩစတြီးယား ရဲတွေ အသုံးပြု နေတယ် ဆိုတဲ့ ဝေဖန်မှု ထွက်ပေါ် လာပါတယ်။

ဩစတြီးယားနဲ့ ဆလိုဗေးနီးယား နှစ်နိုင်ငံ နယ်စပ် ရဲ့ အဓိက နယ်ခြားဝင်ပေါက် ဖြစ်တဲ့ Spienfeld မှာ စကားပြန် တွေရဲ့ အမှားအယွင်းတွေ ကြောင့် နိုင်ငံထဲ ဝင်ခွင့် ရသင့်ရဲ့သားနဲ့ အငြင်း ခံနေရတဲ့ လူတွေ အများအပြား ရှိခဲ့တယ် ဆိုပြီး Peter Fichtenbauer ဆိုသူက ဘီဘီစီ ကို ပြောပါတယ်။

မစ္စတာ Fichtenbauer ဟာ ဩစတြီးယား နိုင်ငံမှာ အများပြည်သူတွေ ရဲ့ မကျေနပ်ချက် တွေ ကို တာဝန်ယူ ကိုင်တွယ် ကြားနာ ပေးဖို့ တရားဝင် ခန့်အပ် ခံ ထားရ သူ ဖြစ်ပါတယ်။

ဩစတြီးယား အာဏာပိုင် တွေ ကလည်း နယ်စပ် ဝင်ပေါက် တွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် နေပါတယ်။

မစ္စတာ Fichtenbauer ရဲ့ ပြောဆိုမှု ကို ထည့်သွင်း စဉ်းစား နေတယ် ဆိုပြီး ဩစတြီးယား ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ