IS ရဲ့ ဓာတုလက်နက်တွေ အီရတ်ထဲမှာ ဖမ်းမိခဲ့ကြောင်း အမေရိကန် အတည်ပြု

  • 10 မတ် 2016
chemical weapons
Image caption IS အဖွဲ့ဟာ ဓာတုလက်နက် အသုံးပြုနိုင်စွမ်း ရှိနေ။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ဓာတုလက်နက် တွေ ကို အီရတ် နိုင်ငံ ထဲမှာ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ လက သိမ်းဆည်း ရရှိခဲ့တယ် ဆိုတဲ့ သတင်းတွေကို အမေရိကန် စစ်ဘက်က အတည်ပြု လာပါတယ်။

ဆူလေမန် ဒါဝတ် အယ်လ် ဘာ့ကာ ခေါ် အဘူဒါဝတ် ဆိုသူ ကို ဖမ်းဆီးမိ ခဲ့ရာကနေ IS အဖွဲ့ရဲ့ ဓာတုလက်နက် တွေ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို သိရှိ ခဲ့ရတယ်လို့ အမေရိကန် စစ်တပ်ရဲ့ ပြောခွင့်ရ ပီတာကွတ်ခ် က ဆိုပါတယ်။

အဲဒီ့ သတင်း အချက် တွေ အပေါ် မူတည်ပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ က လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့တယ် လို့ လည်း ပီတာကွတ်ခ် က ပြောပါတယ်။

ဆူလေမန် ဒါဝတ် ဆိုသူဟာ ဆာဒမ်ဟူစိန် လက်ထက်တုန်းက ဓာတုလက်နက် ထုတ်လုပ်ရေး အစီအစဉ် မှာ ပါဝင် ခဲ့သူ လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ