IS အဖွဲ့သားတွေရဲ့ ဖိုင်တွေကို ဂျာမနီ စစ်ဆေးနေ

  • 10 မတ် 2016
Image caption အဲဒီ စစ်တမ်းမေးခွန်း တစ်ခုစီမှာ အပိုင်း ၂၃ ပိုင်း ပါဝင်ပြီး အမည်နဲ့ နေရပ်လိပ်စာတွေ ပါဝင်တယ်လို့ ဆို။

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့သား ထောင်ပေါင်းများစွာရဲ့ ကိုယ်ရေး အချက်အလက်တွေ ပါဝင်တယ် ဆိုတဲ့ စာရွက်စာတမ်းတွေကို ဂျာမနီ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အဲဒီ စာရွက်စာတမ်း တွေဟာ IS အဖွဲ့က လူသစ် စုဆောင်းရာမှာ သုံးတဲ့ စစ်တမ်း မေးခွန်းတွေ ဖြစ်ပြီး ဂျာမနီနဲ့ ဗြိတိသျှ မီဒီယာတွေကနေ ရရှိခဲ့တာပါ။ အဲဒီ စစ်တမ်း မေးခွန်းတွေမှာ IS အဖွဲ့သား တစ်ဦးချင်းစီရဲ့ အမည်နဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စိတ်ပျက်သွားတဲ့ IS အဖွဲ့ဝင် တစ်ယောက်က အဲဒီ စာရွက်စာတမ်း တွေကို ခိုးယူပြီး မီဒီယာတွေကို ပေးပို့ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အဲဒီ ဖိုင်တွေ တကယ် စစ်မှန်မှု ရှိမရှိကို စစ်ဆေးနေပြီလို့ ဂျာမန် အရာရှိတွေက ပြောပါတယ်။

IS အဖွဲ့သားတွေကို ဖော်ထုတ် အရေးယူနိုင်ဖို့ ဒီအချက်အလက်တွေက အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ