အီးယူနဲ့ ကျူးဘား ပုံမှန်ဆက်ဆံရေး ပြန်ထားဖို့ သဘောတူ

  • 11 မတ် 2016
_federica_mogherini_
Image caption ကျူးဘား နိုင်ငံ ဟာ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ နဲ့ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တွေ အပြည့်အဝ ပြန်လည် ထူထောင် နိုင်မှာ ဖြစ်သလို အကူအညီ တွေ လည်း ရရှိ လာမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူနဲ့ ကျူးဘား နိုင်ငံအကြား ဆက်ဆံရေး ပုံမှန် စတင်ဖို့ သဘောတူ လိုက်ပါတယ်။

ဒါဟာ ကွန်မြူနစ် ကျူးဘား ကျွန်းနိုင်ငံ အတွက် သံတမန်ရေး အထီးကျန် မှုကို အဆုံးသတ် နိုင်ဖို့ ထပ်မံ ပြုလုပ် လာခဲ့တဲ့ ခြေလှမ်းသစ်ပဲ ဖြစ်ပါတယ်။

ကျူးဘား မြို့တော် ဟာဗားနား မှာ အီးယူ အဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကာ မိုဂီရီးနီး ရောက်ရှိနေပြီး ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရောဒရီးဂတ်စ် နဲ့ သဘောတူ စာချုပ် လက်မှတ်ရေး ထိုး ခဲ့ ပါတယ်။

အဲဒီ့ သဘောတူမှု အရ ကျူးဘား နိုင်ငံ ဟာ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ နဲ့ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တွေ အပြည့်အဝ ပြန်လည် ထူထောင် နိုင်မှာ ဖြစ်သလို အကူအညီ တွေ လည်း ရရှိ လာမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ မှာ ကျူးဘားဟာ အမေရိကန် နဲ့ အကြား ဆက်ဆံရေး ပုံမှန် အဆင့်အတန်း မျိုး ပြန်လည် ထားရှိခဲ့ ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ