ဟစ်ဇ်ဘိုလာကို အကြမ်းဖက် အဖွဲ့အဖြစ် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ကြေညာ

_arab_league ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွန်နီ မွတ်ဆလင်မ် နိုင်ငံ တွေ လွှမ်းမိုးတဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် အတွင်း ဟစ်ဇ်ဘိုလာကို အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာ။

လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အဖွဲ့ ဟစ်ဇ်ဘိုလာ ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာရပ် နိုင်ငံများ အဖွဲ့ချုပ် က ကြေညာလိုက် ပါတယ်။

အာရပ် ပင်လယ်ကွေ့ နိုင်ငံများ က အရင် သီတင်းပတ် တုန်းက အလားတူ ကြညာ ခဲ့ပြီး ဖြစ်ပါတယ်။

ဆွန်နီ မွတ်ဆလင်မ် နိုင်ငံ တွေ လွှမ်းမိုးတဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် အတွင်း ဟစ်ဘိုလာကို အကြမ်းဖက် အဖွဲ့ အဖြစ် လက်ဘနွန် နဲ့ အီရတ် နိုင်ငံတွေ က လွဲပြီး တခဲနက် အတည်ပြု သတ်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံ က မဲ မပေးပဲ နေခဲ့တာပါ။

ဟစ်ဇ်ဘိုဘာ အဖွဲ့ ကို အဓိက ကျောထောက် နိုင်ငံ ပြုနေတဲ့ အီရန် နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ ကြား လတ်တလော ပိုပြီး တင်းမာမှု တွေ မြင့်တက် နေကြ သလို၊ ဆီးရီးယား ပြည်တွင်းစစ် မှာလည်း ဟစ်ဇ်ဘိုလာ အဖွဲ့က သမ္မတ အာဆတ် အစိုးရ ဘက်က ဝင်ကူ တိုက် နေပြီး ဆော်ဒီ ဦးဆောင်တဲ့ ပင်လယ်ကွေ့နိုင်ငံ တွေ က သူပုန် အုပ်စု တွေကို ထောက်ခံ နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ