ကုလ ငြိမ်းချမ်းရေးတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကို ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ

_un_vote
Image caption ဘဲန်ကီမွန်း ရဲ့ အကြံပြုချက် တွေကို လုံခြုံရေး ကောင်စီ က အတည်ပြု။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တွေ ကျူးလွန်တဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကား မှု တွေ ကို ကိုင်တွယ်ဖို့ ပထမဦးဆုံး အကြိမ် အနေနဲ့ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ် လာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း ရဲ့ အကြံပြုချက် တွေကို လုံခြုံရေး ကောင်စီ က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် တစ်ဦးဟာ လိင်ပိုင်း ဆိုင်ရာ ပြစ်မှု ကျူးလွန် ခဲ့ကြောင်း ထင်ရှားရင် အဲဒီ့ တပ်ဖွဲ့ဝင် ရဲ့ မူလ မိခင် နိုင်ငံ က စေလွှတ် ထားတဲ့ ငြိမ်ချမ်းရေးတပ် တစ်တပ်လုံးကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ် ထဲက ထုတ်ပယ်ပြီး အိမ်ပြန်လွှတ် မျာ ဖြစ်ပါတယ်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံ မဲပေးခဲ့ကြပြီး အီဂျစ် နိုင်ငံ ကတော့ သူတို့ အကြံပြုတဲ့ ပြင်ဆင် ချက် အငြင်း ခံခဲ့ရတဲ့ နောက် မဲမပေးပဲ နေခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ