ဂျနီဗာ စကားပြောပွဲကို ဆီးရီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်မယ်

  • 13 မတ် 2016
walid_al_moallem_syria ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတသစ် ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာ မျိုး ကို လုံးဝ ဆွေးနွေး မှာ မဟုတ် ဘူး ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီး Walid Moallem က ပြော

ဂျနီဗာ မြို့မှာ တနင်္လာနေ့ကျရင် ပြန်လည် စတင်မယ့် ဆီးရီးယား ငြိမ်းချမ်းရေး စကားပြောပွဲ တွေမှာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ပါဝင် တက်ရောက် မှာ ဖြစ်တယ် လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် အစိုးရ ကိုယ်စားလှယ် တွေ ဘက်က ဘယ်လို အကြောင်းရာ ကိစ္စမျိုးတွေကိုပဲ ဆွေးနွေး နိုင်မှာ ဖြစ်တယ် ဆိုပြီး ကန့်သတ် ထားပါတယ်။

ဆီးရီးယား မှာ သမ္မတသစ် ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာ မျိုး ကို လုံးဝ ဆွေးနွေး မှာ မဟုတ် ဘူး ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီး Walid Moallem က ပြောပါတယ်။

တကယ်လို့ အတိုက်အခံ တွေ အနေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ ကနေ တဆင့် အာဏာရရှိ နိုင်ဖို့ ရည်မှန်း ထားရင် ဆွေးနွေးပွဲ ပျက်သွားနိုင်တယ် ဆိုပြီး တော့လည်း မစ္စတာ Moallem က က ဆိုပါတယ်။

ဒါပေမယ့် အတိုက်အခံ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကတော့ ဆီးရီးယား မှာ ကြားဖြတ် အစိုးရ တစ်ရပ် ပေါ်ပေါက် လာနိုင်ဖို့ ဂျနီဗာ ကို လာရောက် ခဲ့တာ ဖြစ်တယ်လို့ ပြောထားပြီး အခုလို အစိုးရ ကိုယ်စားလှယ် တွေ ရဲ့ ကြိုတင် ကန့်သတ်ချက် တွေ ဟာ စကားဝိုင်း တွေ တကယ်တန်း စတင် လာနိုင်ဖို့ကို နှောင့်နှေး ကြန့်ကြာ လာစေနိုင်တယ် လို့ ပြောပါတယ်။

ဆီးရီးယား အတွင်း အပစ်ရပ် သဘောတူမှု ရယူထားတဲ့ သီတင်းနှစ်ပတ် အတွင်း သွေးထွက်သံယို အကြမ်းဖက် ဖြစ်ရပ် တွေ အင်မတန် လျော့နည်း သွားတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောလိုက် သလို၊ ဂျနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ စဖြစ်အောင် စဖို့ လည်း တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ