ဆီးရီးယား ဆွေးနွေးပွဲကိစ္စ ဂျွန်ကယ်ရီ တိုက်တွန်း

  • 12 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဆွေးနွေးပွဲတွေ စီစဉ်ထားတဲ့ ရက်အတိုင်း ကျင်းပဖို့ ဂျွန်ကယ်ရီ တိုက်တွန်း

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေကို စီစဉ်ထားတဲ့ အတိုင်း တနင်္လာနေ့ မှာ ကျင်းပ သင့်တယ်လို့ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ ဆီးရီးယား အပစ်အခတ် ရပ်စဲ ရေး ကတိတွေဟာ ဆက်လက် ရှိနေပြီး ပစ်ခတ် တိုက်ခိုက်မှုတွေ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျ သွားခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခုလို တည်ငြိမ်နေတဲ့ အခြေအနေတွေကို သမ္မတအာဆတ် အစိုးရအဖွဲ့ အနေနဲ့ ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြ ဖို့ိုလည်းတိုက်တွန်းခဲ့ပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေးပွဲမှာ တင်သွင်းလာခဲ့ရင် ပယ်ချ သွားမယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ် မိုလမ်က ပြောပါတယ်။

ကုလသမဂ္ဂ ရဲ့ အစီအစဉ်နဲ့ ဆီးရီးယား ဆွေးနွေး ပွဲတွေဟာ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပဖို့ ရှိနေပြီး ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သောကြာနေ့မှာအတည်ပြု ပြောကြား ခဲ့ပါတယ်။