အိုဟိုင်အို ချီတက်ပွဲ လုပ်မယ်လို့ ထရမ့် ကြိမ်းဝါး

activist_trump_chicago ဓာတ်ပုံ မူပိုင် Getty
Image caption လူတွေ အုံကြွစေမယ့် စကားမျိုးတွေ ပြောဆိုတာ ရှောင်ကြဉ် ကြပါ လို့ သမ္မတ အိုဘားမားက တိုက်တွန်း။

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလေကဲန် သမ္မတလောင်း ဖြစ်လာဖို့ ထိပ်က ပြေးနေတဲ့ ဒေါ်နယ်လ် ထရမ့်က အိုဟိုင်အို ပြည်နယ် ဆင်ဆက်နတ်တီ မြို့ မဲဆွယ်ချီတက် ပွဲကို စီစဉ် ထားတဲ့ အတိုင်း ဆက်လက် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး အခြေအနေ စိုးရိမ်ရလို့ ဆင်ဆက်နတ်တီ မဲဆွယ်ပွဲကို ဖျက်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတုန်း မှာပဲ မစ္စတာ ထရမ့်က အခုလို ပြောလာတာပါ။

သောကြာ နေ့က မစ္စတာ ထရမ့်ရဲ့ ရှီကာဂို မြို့ မဲဆွယ် ချီတက်ပွဲ အတွင်း၊ ရုန်းရင်းဆန်ခတ် တွေ ဖြစ်ခဲ့ပြီး ပွဲကို ဖျက်သိမ်း ခဲ့ရတဲ့ နောက် မီဒီယာ တွေ က သတင်းအမှားတွေ ဆက်လက် ထုတ် နေ တယ် လို့ မစ္စတာ ထရမ့် က စွပ်စွဲ ထား ပါတယ်။

သမ္မတလောင်း ဖြစ်ဖို့ ကြိုးစား နေသူတွေဟာ လူတွေ အုံကြွစေမယ့် စကားမျိုးတွေ ပြောဆိုတာ ရှောင်ကြဉ် ကြပါ လို့ သမ္မတ အိုဘားမားက တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ