ဂျာမနီ ပြည်နယ် ၃ ခုမှာ ရွေးကောက်ပွဲလုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption က်ယာပါတီ ဖြစ်ပြီးတော့ ရွှေ့ပြောင်းဝင်ရောက်လာတာ ကို မကြိုဆို တဲ့ အော်တာနေးတစ်ဖော် ဂျာမဏီ AFD က အဲဒိ ဆက်ဆွန် အန်ဟော့ဒေသဘက် လူထုထောက်ခံမှု ၁၉ ရာခိုင်နှုန်း တက်လာ

ဂျာမဏီထဲကို ရွှေ့ပြောင်းဝင်ရောက်လာသူတွေ လာဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဝန်ကြီးချုပ်အင်ဂလာ မာကယ်လ် နဲ့ သူ့ပါတီ အခြေအနေ ကို အခု လုပ်နေတဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲ ရလဒ် တွေ ကိုကြည့်ပြီးခန့်မှန်းနိုင်မယ် လို့ ဆိုပါတယ်။

နိုင်ငံရဲ့အရှေ့ပိုင်း က ဆက်ဆွန် အန်ဟော့ဒေသဘက်မှာတော့ ဝန်ကြီးချုပ် ရဲ့ ခရစ်ယာန်ဒီမိုကရက်ပါတီ CDU ကိုထောက်ခံသူ အများစု ပါဆိုတာ လူထုစစ်တမ်း က ပြနေပါတယ်။

ဒါပေမယ့် လက်ယာပါတီ ဖြစ်ပြီးတော့ ရွှေ့ပြောင်းဝင်ရောက်လာတာ ကို မကြိုဆို တဲ့ အော်တာနေးတစ်ဖော် ဂျာမဏီ AFD က အဲဒိ ဆက်ဆွန် အန်ဟော့ဒေသဘက် လူထုထောက်ခံမှု ၁၉ ရာခိုင်နှုန်း တက်လာပါတယ်။

နိုင်ငံအနောက်ပိုင်း က ဘဒန် ယူတင်ဘာ့ခ လို့ ဒေသမှာတော့ စီဒီယူ က ဂရင်းပါတီ ကို မကျော်နိုင်ဘူးလို့ မှန်းဆကြပါတယ်။

ဒီနေ့ ရွေးကောက်ပွဲလုပ် မယ့် နောက်ထပ် ဒေသ တခု ဖြစ်တဲ့ ရိုင်လန်း ပလက်နိပ် ဒေသ မှာတော့ အရင် ရွေးကောက်ပွဲတုန်း က CDU က ဒုတိယ အားအကောင်းဆုံးအဖြစ် တက်လာခဲ့တာပါ။

တနိုင်ငံလုံးအနေနဲ့ ယေဘုယျကြည့်ရင် လက်ယာပါတီ AFD အောင်ပွဲတွေတိုး ရမယ် ဆိုတဲ့အကြောင်းအများက မှန်းဆထားနေကြပါတယ်။

ဂျာမဏီမှာ ဒေသ ၁၆ ခုအနက် AFD က ၅ ခုမှာ အခြေခိုင်ပါတယ်။

သူတို့ဒီအခု ရွေးကောက်ပွဲအတွက် ကြွေးကြော်သံကတော့ နယ်စပ်တွေ ကို လုံအောင် ကာကြ၊ ခိုလှုံခွင့် နဲ့ပတ်သက်လို့ဖြစ်လာတဲ့ ကသောင်းကနင်း အဖြစ်တွေ ကိုအဆုံးသတ်ကြ ဆိုတဲ့ ကြွေးကြော်သံတွေ ပါ။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်အတွင်း ရွေ့ပြောင်းဝင်ရောက်လာသူတွေနဲ့ ဒုက္ခသည်အဖြစ်ခိုလှုံသူတွေ ဂျာမဏီ ထဲကို အရေအတွက် တစ်သန်း ကျော်ဝင်ရောက်ခဲ့ပါတယ်။

ဂျာမဏီဒုတိယ ဝန်ကြီးချုပ် ဇစ်မာ ဂါဘရီရယ် ကတော့ သူတို့ ဟာ လူသားဆန်မှုနဲ့ သွေးစည်းညီညွတ်မှု ဆိုတဲ့ ရပ်တည်ချက်တွေအတိုင်း ဆက်ရပ်သွားမှာ ဖြစ်တယ် လို့ ကြေညာပါတယ်။

မနေ့က သတင်းထောက်တွေ က ဝန်ကြီးချုပ်အင်လာမာကဲလ် ကို အခြေအနေဘယ်လိုလဲ လို့ မေးတဲ့အခါမှာတော့ သူလည်း စောင့်ကြည့်နေတာပါပဲ လို့ ပြန်ပြော ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ