ဝင်လာသူတွေကို မက်ဆီဒိုးနီးယား ဖမ်းဆီး

macedonia ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပ မြောက်ပိုင်း ရောက်ဖို့ လူ တသန်းကျော် ဝင်ခဲ့

ဂရိ နိုင်ငံ မြောက်ပိုင်းက စခန်း တခုကနေ နယ်စပ် စည်းရိုးကို ကျော်ပြီး ဝင်လာတဲ့ ရာနဲ့ချီတဲ့သူ တွေကို မက်ဆီဒိုးနီးယား ရဲနဲ့ စစ်သားတွေက ဖမ်းဆီး ထားပါတယ်။

ရေစီးသန်တဲ့ မြစ်တစင်းကို ဒီလူတွေ ကြိုးတွေတန်းပြီး ဖြတ်ကျော် ခဲ့ကြပါတယ်။

ခုတော့ ဖမ်းထားတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေကို ဂရိ ဘက်ကို ပြန်ပို့ မယ်လို့ မက်ဆီဒိုးနီးယား ရဲက ပြောပါတယ်။

တခြား ရွှေ့ပြောင်း ဝင်လာတဲ့ လူ ၁ သောင်း ၂ ထောင် လောက်နဲ့ အတူ ဒီလူတွေ စခန်း တခုမှာ ပိတ်မိနေခဲ့ကြတာပါ။

ဒီဘောလ်ကန် ဒေသ လမ်းကြောင်းကနေ ပြီး ဥရောပ မြောက်ပိုင်းကို ရောက်ဖို့ လူ တသန်း ကျော် ဝင်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီလမ်းကြောင်းက နိုင်ငံ အစိုးရ တွေက ဒီလူတွေ ဝင်မလာနိုင်အောင် စည်းရိုး အကာအရံတွေ စပြီး ချထားနေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ