ရွှေ့ပြောင်းသူတွေ အတွက် ဘော်လ်ကန်လမ်းကြောင်း ပြန်ဖွင့်ဖို့ မျှော်လင့်ချက် မရှိ

_migrant_macedonia ဓာတ်ပုံ မူပိုင် Reuters
Image caption ရာပေါင်း များစွာသော ရွှေ့ပြောင်းသူ တွေ ကို ဂရိ ဘက်ခြမ်းကို ပြန်ပို့ ခဲ့တယ် ဆိုပြီး မက်ဆီဒိုးနီးယား ပြည်ထဲရေး ဝန်ကြီး က အတည်ပြု။

ဥရောပ မြောက်ပိုင်း နိုင်ငံတွေ ကို ဦးတည် နေကြတဲ့ ရွှေ့ပြောင်း ဝင်ရောက် သူတွေ အနေနဲ့ ဂရိ နိုင်ငံ ကနေ မက်ဆီဒိုးနီးယား ဘက်ကူးပြီး ခရီးဆက် တာမျိုး မလုပ်ကြဖို့ ဂရိ ဝန်ကြီးချုပ် က တိုက်တွန်း လိုက်ပါတယ်။

ဘော်လ်ကန် ဒေသ နိုင်ငံတွေ ကတဆင့် ဖြတ်သန်း သွားတဲ့ လမ်းကြောင်းကို ပြန်ဖွင့် ပေးလာမယ့် အခွင့်အလမ်း ရှိမနေဘူးလို့ လည်း ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ် က ဆိုပါတယ်။

မက်ဆီဒိုး နီးယား နယ်စပ် ပိတ် ထားတဲ့ အတွက် ဂရိ နိုင်ငံ မြောက်ပိုင်းက ယာယီ ဒုက္ခသည် စခန်းတွေမှာ လူတွေ ထောင်နဲ့ ချီပြီး ပိတ်မိ နေကြပါတယ်။

ဂရိ နိုင်ငံ ဘက်က နေ မြစ်ကို ဖြတ်ပြီး ဝင်လာကြတဲ့ ရာပေါင်း များစွာသော ရွှေ့ပြောင်းသူ တွေ ကို ဂရိ ဘက်ခြမ်းကို ပြန်ပို့ ခဲ့တယ် ဆိုပြီး မက်ဆီဒိုးနီးယား ပြည်ထဲရေး ဝန်ကြီး ကလည်း အတည်ပြု ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ