အမေရိကန် တရားရုံးချုပ် တရားသူကြီးနေရာ အိုဘားမား အဆိုပြု

  • 16 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် တရားရုံးချုပ် တရားသူကြီး တစ်ဦး အဖြစ် မဲရစ် ဂါးလန်းဒ်ကို အမည်တင်မယ်လို့ အိုဘားမားက အိမ်ဖြူတော်မှာ ကြေညာ။

အမေရိကန် ပြည်ထောင်စုမှာ လစ်လပ်နေတဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး တစ်ဦး နေရာအတွက် အယူခံ တရားသူကြီး မဲရစ်ခ် ဂါးလန်းဒ် Merrick Garland ကို ခန့်ထားဖို့ အမည် တင်မယ်လို့ သမ္မတ အိုဘားမားက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ လက တရားရုံးချုပ် တရားသူကြီး အန်တိုနင် စကေလီယာ Antonin Scalia အသက် ၇၉ နှစ်မှာ ကွယ်လွန် ခဲ့ပြီးနောက် သူ့ရဲ့နေရာ လစ်လပ် သွားတာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန် တွေကတော့ အဲဒီ ရာထူးကို နိုဝင်ဘာမှာ တက်လာမယ့် သမ္မတသစ် ကသာ ရွေးချယ် အမည်တင်သွင်းဖို့ အိုဘားမားကို တောင်းဆို ထားတာပါ။

အိုဘားမားက အမည်စာရင်း တင်သွင်းခဲ့မယ် ဆိုရင်လည်း ကန့်ကွက် သွားမယ်လို့ ရီပတ်ဘလီကန် အများစုက ပြောထားပါတယ်။

အဖွဲ့ဝင် ၉ ဦး ရှိတဲ့ နိုင်ငံတော် တရားရုံးချုပ် အဖွဲ့မှာ တရားသူကြီး စကေလီယာ ကွယ်လွန်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် အကြားမှာ နှစ်ဘက် အရေအတွက် အညီအမျှ ကျန်ရှိခဲ့တာပါ။

အခု တင်မြှောက်မယ့် တရားသူကြီးပေါ် မူတည်ပြီး နိုင်ငံတော် တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် အကြား ဘယ်သူတွေက အများစု ဖြစ်လာမယ် ဆိုတာ သိရမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ