ပြင်သစ်မှာ စစ်သွေးကြွ တွေဖမ်းမိ

  • 17 မတ် 2016
france ဓာတ်ပုံ မူပိုင်
Image caption ပြင်သစ် အကြမ်းဖက် နှိမ်နင်းရေး ရဲအဖွဲ့

ပဲရစ်မြို့ အလယ်ခေါင်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်မှုနဲ့ မသင်္ကာသူ အစ္စလာမ္မစ် စစ်သွေးကြွ ၄ ယောက်ကို ဖမ်းမိ ထားကြောင်း ပြင်သစ် ရဲက ပြောကြား ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကို ဖမ်းမိ ခဲ့တာပါ။

အော်တိုမက်တစ် ရိုင်ဖယ် ကျည်ဆံ ကတ် တကတ် နဲ့ ကွန်ပျူတာ အသုံးအဆောင် တွေကို လည်း ရဲက သိမ်းဆည်း မိခဲ့ပါတယ်။

ဒီထဲက တယောက်ကို အရင်လ ထဲက အကျယ်ချုပ်နဲ့ ဖမ်းထားတာ လို့ ပြင်သစ် သတင်းမီဒီယာ တွေက ဆိုပါတယ်။

ဒီလူ ၄ ယောက် အကြောင်း ကိုလည်း ထောက်လှမ်းရေး ဌာနတွေက သိတယ် လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဘရပ်ဆဲမှာ လူတယောက်ကို ပစ်သတ် ဖမ်းဆီးမှု ဖြစ်ပြီးနောက် ခု ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ