ကန် သမ္မတလောင်းရွေးပွဲ၊ ထရမ့်နဲ့ ကလင်တန် ဦးဆောင်ဆဲ

  • 16 မတ် 2016
ဓာတ်ပုံ မူပိုင် AFP REUTERS
Image caption ပါတီကိုယ်စားပြု သမ္မတလောင်းတွေ ဖြစ်ဖို့ ထရမ့်နဲ့ ကလင်တန်တို့ ပိုနီးစပ်လာ။

အမေရိကန် ပြည်ထောင်စုက ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်မှုတွေမှာ ရီပတ်ဘလီကန် ပါတီအတွက် ဦးဆောင် ယှဉ်ပြိုင်နေသူ ဒေါ်နယ် ထရမ့်ဟာ အရေးပါတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ထပ်မံ အနိုင်ရခဲ့ပြီး အိုဟိုင်ယို ပြည်နယ်မှာတော့ ဂျွန် ကေဆစ်ကို ရှုံးခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီမှာတော့ ဟီလာရီ ကလင်တန်က ဖလော်ရီဒါ၊ အိုဟိုင်ယို၊ အီလီနွိုင်းနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေမှာ ထပ်နိုင် ခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ရီပတ်ဘလီကန်က မာကို ရူဘီယို ကတော့ သူ့ပြည်နယ် ဖလော်ရီဒါမှာ မစ္စတာ ထရမ့်ကို ရှုံးခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်သွား ပါပြီ။

ဘီလျံနာ ဒေါ်နယ် ထရမ့်ဟာ အီလီနွိုင်းနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေမှာလည်း အနိုင် ရခဲ့ပါတယ်။

ဒေါ်နယ် ထရမ့်ရဲ့ မူဝါဒနဲ့ စရိုက်ကို ရီပတ်ဘလီကန် ထိပ်ပိုင်း ပါတီဝင်တွေက မကြိုက်တဲ့အတွက် အခု သူ့ရဲ့ အောင်မြင်မှုတွေက ရီပတ်ဘလီကန် ပါတီအတွက် ခေါင်းခဲစရာ ဖြစ်လာ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ