တူရကီနဲ့ ဥရောပ ဒုက္ခသည်အရေးဆွေးနွေး

  • 18 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ နိုင်ငံ ဘက် က ဂရိ နိုင်ငံကို ဝင်ရောက် လာတဲ့ ဒုက္ခသည်တွေကို တူရကီ ဘက် ပြန်ပို့ ဖို့ ဥရောပ ဘက်က အလိုရှိနေ

ဒုက္ခသည် အကျပ်အတည်းဖြေရှင်း နိုင်ရေး အတွက် တူရကီ ဝန်ကြီးချုပ် နဲ့ ဥရောပ ခေါင်းဆောင်တွေဟာ ဘရပ်ဆဲလ် မြို့မှာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြု လုပ်နေပါတယ်။

တူရကီ ဝန်ကြီးချုပ် အာမက် ဒေဗော်တော်လူး က ဆွေးနွေပွဲ မစခင်မှာ လူသားချင်း စာနာမှု နဲ့ ဒုက္ခသည် ၂ သန်းကျော် လက်ခံ ခဲ့ပြီး နိုင်ငံ တကာရဲ့ အကူအညီ တွေ မရရှိခဲ့ဘူးလို့ ပြောကြား ပါတယ်။

တူရကီ နိုင်ငံ ဘက် က ဂရိ နိုင်ငံကို ဝင်ရောက် လာတဲ့ ဒုက္ခသည်တွေကို တူရကီ ဘက် ပြန်ပို့ ဖို့ ဥရောပ ဘက်က အလိုရှိနေတာပါတယ်။

ဆီးရီးယား နိုင်ငံ နယ်စပ် က ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည် တွေကိုပဲ ဥရောပ အတွင်းမှာ အခြေချ ခွင့် ပေးမယ်လို့ ဥရောပ ဘက်က ပြောကြား နေတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံကို အဆိုပြု ကမ်းလှမ်းမယ့် အချက် တွေဟာ အားနည်း မှုတွေ ရှိနေပြီး သဘောတူညီချက် ရဖို့ ခက်ခဲ မှာ ဖြစ်ကြောင်း သတင်းထောက်တွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ