ISကွန်ယက်ကို ဖြိုနိုင်တော့မယ် လို့မျှော်လင့်

Image caption အဒဲလ်ဆလမ်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး ခေါ်ဆောင်လာစဉ်

ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှုကို ဦးဆောင် စီစဉ်ခဲ့သူအဖြစ် သံသယရှိနေသူ ဆလာအဒဲလ် ဆလမ် ကို ဖမ်းဆီးရမိမှုကြောင့် ဥရောပက ISကွန်ယက်ကို ဖြိုခွင်းနိုင်မယ်လို့ ယူဆကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘာနဒ်ကဇ်နော့ က ပြီးခဲ့တဲ့ ရက်တွေတုန်း ကလုပ်ခဲ့တဲ့ စီးနင်းမှု အတွင်းမှာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိခဲ့တ ဖြစ်ပြီး ဘယ်လ်ဂျီယံ နဲ့ ပြင်သစ်နိုင်ငံ တို့ ပူးပေါင်း ဆောင် ရွက် မှုကြောင့် အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ပြောကြား ခဲ့ပါ တယ်။

သောကြာနေ့က ဆလာ အဒဲလ်ဆလမ်ကို ဖမ်းဆီး ခဲ့စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု ကြောင့် ခြေထောက် ဒဏ်ရာရရှိ ခဲ့ပါတယ်။

ဆလာ အဒဲလ်ဆလမ် ကို ပြင်သစ် နိုင်ငံမှာ တရားစီရင်ဖို့ ဘယ်လ်ဂျီယံ တာဝန် ရှိသူတွေက ရက်ပိုင်းအတွင်း လွှဲပြောင်းပေးမယ် လို့ မျှော်လင့်ကြောင်း သမ္မတ ဖရန်ဆွာအော်လွန်း က ပြောပါတယ်။

အဓိက တရားခံကို ဖမ်းဆီးရမိခဲ့တဲ့ အတွက် အကြမ်းဖက်မှုတွေ ကို နောက်ကွယ်ကကြိုးကိုင် ခဲ့သူတွေနဲ့ ဥရောပက IS အဖွဲ့ရဲ့ ကွန်ယက် ကို ဖော်ထုတ်နိုင်မယ်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ မျှော်လင့်နေပါတယ်။